Cannon fodder family
November 06, 2023Chapter 120
ဟန်ချင်း၏မေးခွန်းကို မြင်လိုက်ရချိန်မှ ချီရှင်းချန် တောင့်ခဲသွားရသည်။
ပထမဆုံးကူးပြောင်းလာချိန်က သူ၏စိတ်ထဲတွင်ရှုပ်ထွေးနေရကာ နော်ရာသို့လာ၍ မူလကိုယ်၏အကြောင်းနှင့် မူလကိုယ်၏အစ်မကို လိမ်လည်လှည့်ဖျားကာ သူ၏သေခြင်းကို စတင်စေခဲ့သောအမှိုက်ကောင်ကျိုးယွီကို ဆုံတွေ့ချင်ခဲ့သည်။
ထို့နောက် လေ့ကျင့်ရေးခန်းမတွင် တောက်လျောက်သာ လေ့ကျင့်နေမိခဲ့သည်။ ထိုအချိန်က ချီရှင်းချန်အနေဖြင့် သူ၏အရည်အချင်းကို တိုးတက်အောင်လုပ်ကာ အဓိကဇာတ်လိုက်နှင့်ဇာတ်လိုက်မတို့ကို ရင်းနှီးချင်မိသည်။
သရုပ်ဆောင်ခြင်းတွင်အထူးပြုသော ဇာတ်လိုက်မကို လျစ်လျူရှုကာ ထိုစဉ်ကသူ၏အဓိကအကြံမှာ ပိုင်ရဲ့နှင့်ရင်းနှီးလာစေရန်ဖြစ်သည်။
ဤအတွက် ချီရှင်းချန် အခြားသောသင်တန်းသားများပြန်သွားကာ တစ်ဦးတည်းကျန်ခဲ့ချိန် ညနက်သည်အထိ လေ့ကျင့်နေမိသည်။
ကံတရား၏လျှို့ဝှက်ဆန်းကြယ်မှုအရ ပိုင်ရဲ့မှ သူ၏လေ့ကျင့်ရေးခန်းမစီသို့ လျှောက်လာကာ အကကရာတွင် မည်သို့အားစိုက်ထုတ်ရမည်နှင့် လိုအပ်သောအချက်အတော်များများကို သင်ကြားပြသပေးခဲ့သည်။
အကယ်၍သာ သူလေ့ကျင့်ရေးခန်းမသို့ မသွားခဲ့ပါလျှင်... အကယ်၍သာ အဆိုနှင့်အကကိုလေ့ကျင့်ရန် မရွေးချယ်ခဲ့ပါလျှင် ချီရှင်းချန် ပိုင်ရဲ့နှင့်ထိုမျှစောစီးစွာ ဆုံခဲ့ရမည်မဟုတ်ချေ။
သူ My timeတွင်ပါဝင်ရန် အကြုံပြုခံရမည်မဟုတ်ဘဲ ပိုင်ရဲ့နှင့်လည်း သူ၏ ဆိုတတ် ကတတ် သရုပ်ဆောင်တတ်ခြင်းကြောင့် နေ့နေ့ညညအတူတူရှိနိုင်မည်မဟုတ်ပေ။
အဆုံး၌ သူပိုင်ရဲ့နှင့်ပင် အတူရှိသွားခဲ့သည်။
ဤသည်မှာ အလွန်ပင် ဆန်းကြယ်လှသည်။
ချီရှင်းချန် လည်ပင်းကိုပွတ်ကာ တွေးလိုက်မိသည် ... ဒါက ဒဏ္ဍာရီလာ မြေအောက်ကမ္ဘာမှလမ်းညွှန်ပြသနေခြင်းလား... ဒါမှမဟုတ် အခြားသောကဏ္ဍတွေကော ပါဝင်နေသည်လား...
YOU ARE READING
ကူးပြောင်းပြီးနောက်အမြောက်စာမိသားစုကိုငါရလိုက်တယ်
Historical FictionTitle - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...