chapter 145

430 71 0
                                    

Chapter 145 Cannon fodder family
November 10, 2023

Chapter 145

ထိုWeibo ပို့စ်တွင် ဓာတ်ပုံအချို့ကအတူ ပါရှိသည်။ ပထမတစ်ပုံက သူတို့နှစ်ယောက် ဟိုတယ်တံခါးကနေ ဘေးချင်းကပ်ပြီး လမ်းလျှောက်ထွက်လာသည့်ပုံဖြစ်သည်။ဒုတိယတစ်ပုံက သူတို့နှစ်ယောက် ပိုင်ရဲ့။ကားထဲကို တစ်ယောက်ပြီးတစ်ယောက်ဝင်သွားသည့်ပုံဖြစ်၏။တတိယတစ်ပုံက စားသောက်ဆိုင်အနောက်တံခါးမှာ သူတို့နှစ်ယောက် ကားထဲက ဆင်းလာသည်ကိုပြထား၏။ကျန်ဓာတ်ပုံများတွင် သူတို့နှစ်ဦး စားသောက်နေသည်ကို တွေ့ရသည်။

ထိုထဲတွင် ပိုင်ရဲ့ ချီရှင်းချန်ကို ခွံ့ကျွေးနေသည့်ပုံကို အကျယ်ချဲ့ထားပြီး သူ့လှုပ်ရှားမှုများက သိသာထင်ရှားလွန်းသည်။ထင်ရှားလွန်း၍ သူရှင်းပြရန် "တူကိုင်ပြီး စကားပြောနေတာ" ဆိုသည့် အကြောင်းပြချက်ကိုပင် သုံးမရပါချေ။

သေချာသည်က၊တစ်ဖက်လူက သူတို့ကို အဆုံးထိအနိုင်ယူချင်နေသည်။

ချီရှင်းချန် အသက်ပြင်းပြင်းရှူပြီး ပိုင်ရဲ့ကို ကြည့်လိုကသည်။ပိုင်ရဲ့က ဓာတ်ပုံတွေကြည့်ပြီး ပြီးသွားပြီ​ဖြစ်၏။သူက ဖုန်းကိုချလိုက်ပြီး ချီရှင်းချန်၏ခေါင်းထိပ်ကို ပွတ်လိုက်သည်။ "အဆင်ပြေပါတယ်...ကိုယ့်တာဝန်ထားလိုက်"

"ဒါက ကျွန်တော်တို့နှစ်ယောက်ကြားကကိစ္စလေ...ကျွန်တော်ကောကိုကူညီမယ်"

ချီရှင်းချန်က ခေါင်းယမ်းလိုက်သည်။

"ဓာတ်ပုံက ဗီဒီယိုတစ်ခုရဲ့ စခရင်ရှော့ပုံနဲ့ တူတယ်...ဖျော်ဖြေရေး သတင်းထောက်က ဘယ်ကရလဲဆိုတာ သိချင်မိတယ်"

ပိုင်ရဲ့လည်း သိချင်သည်။ ဖျော်ဖြေရေးနယ်ပယ်မှာ အချိန်အတော်ကြာကြာနေခဲ့ပြီးနောက် ထောက်လှမ်းရေးကင်မရာတွေနှင့် ပြတင်းပေါက်တွေမပါပါသည့် စားသောက်ဆိုင်ကို ရွေးချယ်ရမယ်ဆိုသည်ကို သူအသေအချာသိ၏။

ဤသည်က သာမာန်အသိ​ဖြစ်၏။ ကြိုတင်မှာယူမှုမပြုလုပ်မီ စားသောက်ဆိုင်မန်နေဂျာကို မေးမြန်းထားပြီးဖြစ်သော်လည်း အဆုံးတွင် မှတ်တမ်းတင်ခံရမည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

ကူးပြောင်းပြီးနောက်အမြောက်စာမိသားစုကိုငါရလိုက်တယ်Where stories live. Discover now