chapter 146

852 130 13
                                    

Chapter 146 Cannon fodder family
November 10, 2023

Chapter 146

နောက်ဆုံး နှစ်သစ်ကူးအကြို ဖျော်ဖြေပွဲကိုပင် ဟိုတယ်ကနေပဲ တိုက်ရိုက်လွှင့်သည်ကို ကြည့်ရှုခဲ့ရသည်။

သူ လွန်စွာမှ မှုန်ကုပ်သွားသည်။

ပိုင်ရဲ့က သူ့ကို ကြည့်ပြီး ပြုံးလိုက်၏။

"နောင်မှာ မင်းဒါကို နားထောင်ချင်ရင် ကိုယ် မင်းအတွက် အချိန်မရွေး နေရာမရွေး ဆို​ပေးမယ်လေ...လောင်ရှန်နဲ့ တခြားသူတွေက မင်းကို ခေါ်နေကြပြီ... သွားနှင့်ချေ"

"… ကောင်းပြီ"

ချီရှင်းချန် တုံ့ဆိုင်းစွာဖြင့် ကားထဲမှ ထွက်လာခဲ့သည်။

အကောင်းဆုံးဇာတ်ဆောင်နှင့် အမျိုးသမီးဇာတ်ဆောင်၊ အကောင်းဆုံးဒါရိုက်တာနှင့် ယခုနှစ်တွင် အကောင်းဆုံးလူသစ်စာရင်းဝင် တီဗီဒရာမာတစ်ခုအနေဖြင့် 'သမုဒ္ဒရာနှလုံသား' ၏ ဝင်ရောက်ကြည့်မှုက အတော်လေးနောက်ကျခဲ့သည်။ တစ်ယောက်နှင့် တစ်ယောက် မတွေ့ရသည်မှာ နှစ်ဝက်လောက်ကြာပြီဖြစ်၍ အဖွဲ့သားတွေက တစ်ယောက်နှင့်တစ်ယောက် အတိတ်ဟောင်းတွေကိုစားမြုံ့ပြန်နေကြပြီး သူတို့၏ လတ်တလော အခြေအနေတွေကို ဆွေးနွေးကြသည်။ အချိန်တွေကုန်သည်က မြန်၏။

မိနစ်လေးဆယ်လောက်ကြာသောအခါ အစီအစဥ်မှူးက သူတို့ကို ရှာတွေ့ခဲ့သည်။ လူတိုင်းက မိတ်ကပ်အမြန်ဖို့ကြသည်။ထောင်ထောင်က ဖုန့်ကျင်းယွမ်၏လက်ကိုချိတ်၍နှင့် အခြား အမျိုးသမီး ဇာတ်ပို့သရုပ်ဆောင်က ရှန့်ယွီလျန်၏လက်ကိုချိတ်၍ ခန်းမထဲသို့ ဝင်သွားခဲ့သည်။

ကော်ဇောနီပေါ် ပထမဆုံး အကြိမ်လျှောက်ရချိန်မှာ ​ကြောက်နေလိမ့်မည်ဟု သူ တွေးခဲ့မိသော်လည်း မထင်မှတ်ပဲ၊ သူ လုံးဝ ဝန်ထုပ်ဝန်ပိုးကိုမခံစားခဲ့ရပါချေ။သူက လက်မှတ်ဘုတ်၌ သဘာဝကျကျ ရေးထိုးပြီး မီဒီယာတွေ ဓာတ်ပုံရိုက်ရအောင် လှည့်ပတ်ပို့စ့်ပေးခဲ့သည် ထို့နောက် အင်တာဗျူးဖြေရန် နေရာသို့ လျှောက်သွားသည်။

အစီအစဥ်တင်ဆက်သူက ပြုံး၏။

"ဝိုး...ဒီနေ့ 'သမုဒ္ဒရာနှလုံးသား' ရဲ့ နေရာယူပုံက အရမ်းအင်အားတောင့်တာပဲ...ထောင်ထောင်နဲ့ စလိုက်ရအောင်...ထောင်ထောင်အနေနဲ့ ကျိယန်နေရာမှာ ကောင်းကောင်းသရုပ်ဆောင်ဖို့ 75 ပေါင်အထိဝိတ်ချခဲ့တယ်... အများကြီး ခံစားရမှာဘဲ နော်"

ကူးပြောင်းပြီးနောက်အမြောက်စာမိသားစုကိုငါရလိုက်တယ်حيث تعيش القصص. اكتشف الآن