chapter 151

319 68 2
                                    

Chapter 151 Cannon fodder family
November 11, 2023
Chapter 151

သို့သော် သူ မအံ့သြပါချေ။ဖန်လေး၏ အဖြေကို သူမျှော်လင့်ထားပြီးသားဖြစ်၏။

အဘယ်ကြောင့်ဆိုသော် ယင်းက ပေါင်းသင်းဆက်ဆံရေးတွင် တစ်ဖက်သား၏ အပြစ်တင်ခြင်းကို ခံရသော အလေ့အထကြောင့်ဖြစ်သည်။ဖန်လေးက သူ၏လမ်းညွှန်မှုအောက်တွင် အများကြီး ပို၍မာနကြီးလာသော်လည်း သူ၏ သိမ်ငယ်စိတ် အခြေခံအုတ်မြစ်မှာ ရှိနေဆဲဖြစ်သည်။

ပိုင်ရဲ့ တကယ်ကို ပိုပိုပြီး သိချင်လာသည်။

ဖန်​လေး၏ သိမ်ငယ်စိတ်ကို အဘယ်အရာက ဖြစ်လာစေသနည်း။ သူဌေးသားတစ်ယောက်၏ အလေ့အထအားလုံးကို အဘယ်အရာက ဆုံးရှုံးစေသနည်း။

တစ်ဖက်သား၏ ဒဏ်ရာကို စွမိမှာကြောက်၍ သူ အရင်က မမေးချင်ခဲ့ပေ။ယခု ပိုင်ရဲ့ သူမမေးလျှင် သူတို့ကြားက မမျှတသည့် ဆက်ဆံရေးက ဘယ်တော့မှ ပြေလည်သွားမှာ မဟုတ်ဘူးဆိုသည့် အကြောင်းပြချက်တစ်ခုရှိနေသည်။

ယခု လေထုကအခြေအနေကောင်းနေသဖြင့် ပိုင်ရဲ့ ၎င်းကိုအခွင့်ကောင်းယူကာ တမင်မရည်ရွယ်မသိလိုမျိုးမေးလိုက်သည်။

"ရှင်းရှင်း...ကိုယ့်အမေပြောတာကို သိဖို့ ကိုယ့်ဆီလာခဲ့တာ ဟုတ်တယ်ဟုတ်"

ဖော်ထုတ်ခံရပြီးနောက်၊ ချီရှင်းချန် မုသားကိုရပ်လိုက်ပြီး ဆိုလိုက်သည်။

"အင်း"

"စိတ်မပူပါနဲ့...သူက မင်းကို အရမ်းသ​ဘောကျတယ်"

ပိုင်ရဲ့က ခဏရပ်လိုက်သည်။

"သူက မင်းကို မင်းရဲ့မိသားစုနောက်ခံနဲ့ပတ်သတ်ပြီး မေးခိုင်းတယ်...မင်းဘာလို့ အိမ်အလုပ်တွေ အများကြီးလုပ်ရတာလဲတဲ့"

၎င်းကိုကြားသောအခါ ချီရှင်းချန် ကြောက်မသွားပေ။ထိုအစား သူ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

ဤမေးခွန်းကို အမေးခံရမည်ဆိုသည်ကို သူသိသည်။

၎င်းသည် နောက်ခံသတ်မှတ်ထားချက်နှင့် မကိုက်ညီပါက၊လျှို့ဝှက်ချက်က အနှေးနှင့်အမြန် ဖော်ထုတ်ခံရမည်ဖြစ်သည်။

ကူးပြောင်းပြီးနောက်အမြောက်စာမိသားစုကိုငါရလိုက်တယ်Donde viven las historias. Descúbrelo ahora