chapter 147

439 76 1
                                    

Chapter 147 Cannon fodder family
November 10, 2023
Chapter 147

သတင်းမျိုးစုံက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ လဝက်အ​ကြာပျံ့နှံပြီးမှ ရပ်တန့်သွားခဲ့သည်။ သို့သော်လည်း ဂယက်များကို ဖြစ်ပေါ်စေသော လူနှစ်ဦးက ဘာမှမဖြစ်သကဲ့သို့ ပြုမူခဲ့သည်။ထိုနောက်မှာ သူတို့သည် အွန်လိုင်း​မှပဲဖြစ်စေ ကင်မရာရှေ့မှပဲဖြစ်ဖြစ်ပျောက်ကွယ်သွားပြီး လူအများရှေ့မှာ တစ်ခါမှ မတွေ့ရလုနီးပါးပါပင်။

ပိုင်ရဲ့က စတူဒီယိုဖွင့်ရန် စိတ်ပူနေသည်။နော်ရာနှင့် သူ့ စာချုပ်က အမည်ခံအဖြစ်သာ အမြဲရှိနေခဲ့သည်။ ယခု သက်တမ်းကုန်ခါနီးပြီဖြစ်ပြီး သူ သက်တမ်းတိုးတော့မှာ မဟုတ်ပေ။

နော်ရာ၏ ဥက္ကဋ္ဌချီကလည်း အလွန်သဘောတူသည်။ လက်တွေ့ဘဝတွင်၊ သူ၏idolက ပို၍လွတ်လပ်ပြီး မည်သည့်အရာနှင့်မျှ ချည်နှောင်ခြင်းမပြုရန် သူအမြဲတမ်းမျှော်လင့်ထားခဲ့သည်။ ကံမကောင်းစွာဖြင့်၊ သူက သူ့ idol ၏ စတူဒီယိုကို မ​မြင်ရမီတွင် ကားမတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီး စာအုပ်ထဲသို့ ကူးပြောင်းသွားခဲ့သည်။ ယခု သူ့အိမ်မက်တွေ တကယ်ဖြစ်လာခဲ့ပြီဖြစ်၏။

သူကိုယ်တိုင်ကလည်း "မီးခိုးရောင်လမ်း" ဇာတ်ကားရိုက်ကူးရေးနှင့် အလုပ်ရှုပ်နေခဲ့သည်။ဇာတ်ကြောင်းက နောက်ပိုင်းအဆင့်သို့ တိုးတက်လာသည်နှင့်အမျှ လူကုန်ကူးမှုဖြစ်စဉ်၏ အမှန်တရားသည် တဖြည်းဖြည်း ထင်ရှားလာခဲ့သည်။ ရိုက်ကူးရေး၏ လေသံက ဒရာမာ၏နာမည်အတိုင်းပဲ စိတ်ပျက်စရာကောင်းသည့် မီးခိုးရောင်နှင့် ပြည့်​နေသည်။နောက်ပိုင်းမှာ လျန်ရှောင်လုံ ၏ ဦးနှောက်ရောဂါ ပျောက်ကင်းသွားကာ ရာဇဝတ်ကောင်အား တရားဥပဒေလက်အောက်ပို့ခဲ့ပြီး ၎င်း၏ မိဘအရင်းများနှင့် မွေးစားမိဘများ ပြေလည်မှုရရှိခဲ့သည်။

ဝမ်းနည်းမှု၏နောက်တွင် ပျော်ရွှင်မှုကလိုက်ပါလာပြီး သူ၏ စိတ်ခံစားမှုများက အစွန်းနှစ်ဖက်ကြားတွင် မကြာခဏ စုတ်ဖြဲခံနေရသည်။ နေ့တိုင်း ရုပ်ရှင်ရိုက်သည်ကလွဲ၍ သူ သူ့ဘာသာသူ ညှိယူနေရသည့် အခြေအနေမှာရှိနေပြီး အွန်လိုင်းပေါ်တက်ရန် စိတ်ကူးမရှိခဲ့ပေ။

ကူးပြောင်းပြီးနောက်အမြောက်စာမိသားစုကိုငါရလိုက်တယ်Where stories live. Discover now