chapter 149

335 68 1
                                    

Chapter 149 Cannon fodder family
November 10, 2023
Chapter 149

အရင်တုန်းက ထောင်ထောင်ကိုထည့်ပြောသည့်အခါတိုင်း၊ ထောင်ရွှမ် အမြဲတမ်း တိတ်ဆိတ်နေတတ်သည်။

ချီရှင်းချန် အံ့အားသင့်သွားသည်။ယနေ့ ထောင်ရွှမ်ဘက်ကနေ စ၍စကားပြောဖို​သူ မမျှော်လင့်ထားပေ။

"မီဒီယာတွေက ကျွန်​တော်တို့ငယ်ငယ်ကတည်းက တစ်ယောက်ကို​တစ်ယောက် အမှီပြုနေကြပြီး ကျဲက ကျွန်တော့်ကိုပြုစုပျိုးထောင်ဖို့ ဖျော်ဖြေရေးနယ်ပယ်မှာ အစောကြီး စပြီးလုပ်ခဲ့တယ်လို့ပြောကြတယ်... ရိုးရိုးသားသားပြောရရင် သူက ကျွန်​တော့်ကို ပြုစုပျိုးထောင်ပေးခဲ့ပေမဲ့ မီဒီယာတွေ ပြောသလောက်တော့ မကောင်းပါဘူး...သူ အိမ်ကထွက်ပြီးကတည်းက ကျွန်တော် သူ့ကိုတွေ့ရခဲတယ်...မဟုတ်ရင် ကျွန်တော် ဒီလောက်ကြာအောင် နေမကောင်းဖြစ်မှာမဟုတ်ဘူး...အစောပိုင်းအဆင့်တွေမှာ ထိရောက်တဲ့ ကုသမှုမရရှိခြင်းက နောက်ပိုင်းအဆင့်တွေမှာ လျင်မြန်စွာ ယိုယွင်းလာစေတယ်"

"သူက မက်ဆေ့ခ်ျပို့တာ မရှိသလောက်ပဲ၊ ကျွန်​တော့်ရဲ့ အခြေအနေအကြောင်း မေးဖို့ ဖုန်းခေါ်တာလည်း ရှားပါတယ်... ဒီတစ်ခါတော့ ကျွန်​တော့်ကို ဆေးရုံတက်ဖို့နဲ့ သူနာပြုတစ်ယောက် စီစဉ်ပေးခဲ့ပေမယ့် သူက ဆေးဖိုးအကြောင်းတောင် မ​မေးခဲ့ပါဘူး"

ထောင်ရွှမ် ဆက်ပြောလေလေ၊ချီရှင်းချန် ပို၍ ထိတ်လန့်လာလေလေဖြစ်သည်။ထောင်ထောင်က သူမ​မောင်ကို ထိုမျှလောက်မချစ်ဘူးဟု အမြဲထင်ပေမဲ့ ယခုချိန်မှာ သူမ သူ့ကို ထိုမျှလောက်မချစ်ခဲ့သည်မဟုတ်ဘဲ လုံးဝကို ဂရုမစိုက်ခြင်းမှန်း သူသိလိုက်ရသည်။

"သူက ကျွန်တော့်ကိုတွေ့တိုင်း မစ်ရှင်တစ်ခုလုပ်နေသလိုပဲ... ထားလိုက်ပါ"

ထောင်ရွှမ် သူ့ပန်းကန်လုံးကို ချလိုက်ပြီး ပြုံးလိုက်သည်။

"အဲဒါကို မပြောပါရစေနဲ့...နှစ်သစ်မှာ ပျော်ရွင်စရာတွေပဲ ပြောသင့်တယ်... ဘာလို့ ဒါတွေအားလုံးကို ပြောပြနေရမှာလဲ"

"အဆင်ပြေပါတယ်"

ချီရှင်းချန်က ပြောလိုက်သည်။

ကူးပြောင်းပြီးနောက်အမြောက်စာမိသားစုကိုငါရလိုက်တယ်حيث تعيش القصص. اكتشف الآن