💋💋သူပြုစားသော...အနမ်း💋💋

10.9K 197 6
                                    

သူ့ပြုစားသော...အနမ်း
💋 အပိုင်း(1) 💋

ကားဝန်းကြီးထဲ လူငယ်တစ်ယောက်
အသက် ၂၅ဝန်းကျင်အရွယ်လောက်ရှိပြီး
ဂျစ်ကန်ကန်စတိုင်ကအစကြည့်ကောင်းနေသယောင်။

''ဘယ်လောက်လဲ..."

လက်ငါးချောင်း ထောင်ပြသောလူငယ်အား
အသက် ရွယ်တူလူတစ်ယောက်ပြန်ကြည့်၍...

''မင်းဟာက မများဘူးလားကွာ..."

''ကြိုက်ရင်ဝယ်မကြိုင်ရင်ဒိုး ကျုပ်အချိန်မရှိဘူး...''

ပြောပုံကဂျစ်တစ်တစ်ဆန်ပြီး ရိုက်ပေါက်ဆိုပင်မဲ့ထိုလူမှာငြိမ်ကုတ်သွား၍..

''အေးပါ အာဏာရာ မင်းကလဲစိတ်ကြီးပဲ
ငါကမင်းဝက်ရှော့ မှာပဲအမြဲပြင်နေတဲ့ဖောက်သည်ပါကွ လျော့ပါအုံး..."

''မလျော်နိုင်ဘူး ခင်ဗျားကားအစုပ်ကြီးကို
ဘယ်သူမှမပြင်ပေးဘူး ကျုပ်ဟုတ်လို့ပြင်ပေးထားတာ..."

ထိုလူမှာ ပြောတာမှန်နေသော​ကြောင့်
မျက်နှာကြီးရှုံ့မဲ့သွား၍..

''အေးပါကွာ ဒီမှာပိုက်ဆံ မင်းကလဲလျော့ခိုင်းတာနဲ့မတန်ဘူးကွာအပြောခံရတာ..."

ထိုလူမှာပြောပြီး ထိုကားအမဲရောင်ပေါ်သိူ့
မောင်းကာထွက်သွားချိန်..

''အာဏာ အဲ့ဒီလူဒီလထဲ အဲ့ဒီကားပြင်နေတာငါးခါမကတော့ဘူးနော်..."

ထွန်းထွန်းအပြောကို ဘာမှမပြောဘဲ လက်မှပေကျံနေသောစက်ဆီတွေအား လက်သုတ်ဝတ်ဖြင့်ပြောင်အောင်သုတ်နေပြီး အေးစက်စက်ရှိပုံက ထွန်းထွန်းတို့အတွက်
မထူးဆန်းတော့ပေ။

အခြားသူသာဆို အဖက်မလုပ်သောကြောင့်
စိတ်ဆိုးမိမှာအမှန်။ထွန်းထွန်းအတွက်ကတော့
ဒါဟာပုံမှန်ဖြစ်နေပြီဖြစ်သည်။

''အာဏာ မင်းညနေဘယ်ကိုသွားအုံးမှာလဲ..."

''ဘား..."

အေးစက်စက်တစ်ခွန်းသာထွက်လာသောကြောင့် ထွန်းထွန်းအားတက်သရောဖြစ်သွားကာ..

''ငါ့ကိုပါခေါ်ကွာ..."

''အင်း..."

ထို့နောက် 'အင်း' တစ်လုံးသာပြောပြီး
ကားများတန်းစီးထားသည့်ဘက်
ကားပြင်သည့်ပစ္စည်းများမကာ
ထွက်သွားသော အာဏာကျောပြင်ကြီးအား
ကြည့်၍ထွန်းထွန်းပျော်သွားမိသည်။

💋💋သူပြုစားသော...အနမ်း💋💋Where stories live. Discover now