အပိုင်း(9)

2K 53 0
                                    

💋💋သူပြုစားသော...အနမ်း💋💋
အပိုင်း(9)

''မေမေ ဘာဖြစ်လို့ဖူးကိုခေါ်လာရတာလဲ
မေမေနဲ့ မမလာရင်ပြီးနေပြီပဲဟာ..."

''ညည်းရောက်ဖူးတယ်ရှိအောင်ခေါ်လာတယ်လေ ကြည့်စမ်း လာသမျှသူတွေညည်းတ်ို့လိုပဲလား အားလုံးတည်တည်ငြိမ်ငြိမ်တွေနဲ့
ညည်းက ကလက်စ်တွေ ဘားတွေလောက်ပဲ
သွားချင်နေတာလေ...''

''မေမေ ခေါ်လာတာလူမှားနေတာမေမေ
တီလေးက ဒီလောက်ဘုရားတရား
ကိုင်းရှိုင်းတာ တီလေးကိုခေါ်ခဲ့ရမှာ...''

''အော် ငယ်လေးခြေထောက် ဒဏ်ရာကြီးနဲ့
ဖြစ်နေတာ အဲ့ဒါဘယ်သူ့ကြောင့်လဲပြောစမ်း
ငါမပြောလိုက်ချင်ဘူး မိဖူးညည်းငါ့စိတ်ကိုထပ်မစွတော့နဲ့..."

ထိုတော့မှ ဖူးဇတ်ကလေးပုသွားကာ
နှုတ်ခမ်းလေးအားစုထော်လိုက်တော့သည်။

''မမ တင်မမမဟုတ်လား..."

''ဟင် ထားရီ..ထားရီလား..."

''ဟုတ်ပ ငါထားရီလေ တင်မမရယ်
ကြည့်စမ်းလှလို့ပလို့...''

ကျောင်းနေဖော်သူငယ်ချင်းတွေဖြစ်ပြီး
အခုမှပြန်တွေ့ကြသောကြောင့်
ဝမ်းသာအားရပြန်နှုတ်လာသော
ထားရီကို တင်မမဝမ်းသာအားရကြည့်​နေမိ၏။

''နင်ရော နိုင်ငံခြားကိုပြောင်းသွားတယ်ဆို..."

''ဟုတ်တယ် သားလေးကမြန်မာပြည်မှာ
စီးပွားရေးပြန်လုပ်လို့  ငါတို့ပါပြန်ပြောင်းလာတာ... "

''ကောင်းတာပေါ့ဟယ် ငါတို့အမြဲတွေ့လို့ရပြီ..."

''ဟုတ်ပတင်မရယ် ငါဝမ်းသာလိုက်တာ
ဒါနဲ့ဒီမိန်းကလေးတွေက...''

တင်မမ သမီးဖြစ်သူတွေကိုယ်ကြည့်၍
ပြုံးလိုက်ကာ..

''ဒါငါ့သမီးတွေလေ အကြီးမလေးရွက်ရင့်ပျ်ိုနဲ့
အငယ်မလေးဖူးပြည့်ပျိုတဲ့..."

''အော် အလှလေးတွေပဲ ဒါနဲ့ငါအရင်ကတွေ့တဲ့
ချစ်စရာကောင်းတဲ့နင့်ညီမလေးရော
သူလေးက ငယ်ငယ်ထဲက
ကြည့်လေလှလေပဲ အခုဆိုအရမ်းလှနေမှာ
အိမ်ထောင်တွေဘာတွေရောကျသွားပြီလား..."

''ထားရီရယ် ဖြေးဖြေးမေးပါ ညီမလေးကအခုငါနဲ့ပဲနေတာ အိမ်ထောင်မပြုသေးပါဘူး..."

💋💋သူပြုစားသော...အနမ်း💋💋Where stories live. Discover now