💋💋သူပြုစားသော..အနမ်း 💋💋
အပိုင်း(11)တစ်ဟူးဟူးတိုက်နေသည့်လေကြောင့်
ပန်းပျိုးဆံပင်လေးတွေလဲဖရိုဖရဲ။တစ်ခါမှမစီးဖူးသောဒီဆိုင်ကယ်ကြီးကြောင့်ရော မောင်းနေသည့်အရှိန်ကြောင့်ရောပါ
ကြောက်လွန်းသောကြောင့်ပန်းပျိုးမျက်ဝန်းလေးများလဲမဖွင့်ရဲပေ။လူက ကြောက်လွန်းသောကြောင့်
ဖြူဖျော့လာကာ သူ့ခါးကြီးကိုဖက်ထားတာလဲ
မလွတ်ရဲ။ဝူး....
အာဏာ သူရင်ခွင်ထဲက သူမကိုငုံ့ကြည့်၍
နှုတ်ခမ်းများကကွေးညွှတ်သွားကာ...''ခင်ဗျား ကျုပ်ကိုဘယ်လိုမြင်လဲဒေါ်ပန်းပျိုးလတ်..."
ကြောက်နေသည့်ကြား ဆိုင်ကယ်သံကျယ်ပင်မဲ့
ပန်းပျိုး သူပြောလာသည့်စကားသံကိုရှင်းလင်းစွာကြားလိုက်ရ၏။''ရှင် လူယုတ်မာ ကျွန်မကိုအခုဆိုင်ကယ်ရပ်ပေး...''
မျက်ရည်လေးတွေပါဝဲတက်လာ၍
အသံလေးပါတုန်တက်လာသည့်ပန်းပျိုး
ဘယ်လောက်ကြောက်နေလဲမေးစရာမလို။''ဘာ....ကျုပ်ကိုခင်ဗျားက ချစ်တယ်ပေါ့. ..''
''အရူး သေလိုက်လေ ငါ့ကိုဆိုင်ကယ်ရပ်ပေး...''
''ပြော...ချစ်တယ်လို့..."
''နင်ရူးနေလား အာဏာ..."
လေအသံကြောင့်ပါ တစ်ယောက်ကိုတစ်ယောက်အော်ပြေနေပုံက မသိရင်ကြည်စယ်နေကြသည့်အတိုင်း။
မတည်းလဲမတည် မပြုံးလဲမပြုံးသော
အာဏာ ။မျက်ဝန်းတို့ကလဲ ရှေ့တည့်တည့်ကိုသာကြည့်ပြီး မောင်းနေတာပုံက အေးစက်စက်။တဖြည်းဖြည်းအကြောက်လွန်လာသည့်တိုင်း
မျက်နှာလေးတွေဖြူဖျော့လာသည့်
ပန်းပျိုး သူ့နှင့်ပြိုင်လဲရန်မဖြစ်နိုင်တော့။''အာဏာ ကျေးဇူးပြုပြီး ငါ့ကိုဆိုင်ကယ်ရပ်ပေးပါနော် ငါကြောက်လို့ပါ..."
ပြောလဲပြော မျက်ရည်ဥတို့ကလဲ ပါပြင်အထပ်
အလုအယှက်စီးကျလာတော့၏။အာဏာ မျက်ရည်ကျနေသည့် ရင်ခွင်ထဲက
မျက်နှာလေးကို အလိုမကျစွာကြည့်၍...
YOU ARE READING
💋💋သူပြုစားသော...အနမ်း💋💋
Romanceကျွန်တော်မျက်ဝန်းထဲ ခင်ဗျားကအရမ်းလှနေတာတော့ ခင်ဗျားအပြစ်ပဲဒေါ်ပန်းပျိုးလတ်