part(15)

5.6K 127 40
                                    

💋💋သူပြုစားသော...အနမ်း💋💋
အပိုင်း(15)

အိမ်ကြီးထဲစိုးရိမ်တကြီးဖြင့်
နာရီတကြည့်ကြည့်ဖြစ်နေသော
မေ​မေကို ရွက်ရင့်ကြည့်၍
အပေါ်အသာတက်လိုက်၏။

ထို့နောက် အခန်းထဲအရောက်မျက်နှာလေးမှာ
တင်းမာခက်ထန်သွား၍ ကုတင်အထက်အိပ်ပျော်နေသည့်ဖူးကိုကြည့်၍
ခပ်မဲ့မဲ့ပြုံးလိုက်ရင်း အနားလျှောက်သွားကာ...

''အဟွန်း တီလေး ရှင်အခုလောက်ဆို
ဒုက္ခရောက်ရောပေါ့ အဲ့ဒီNight barဆိုတာ
လူမိုက်တွေ ဘိန်းသမားတွေစုစည်းရာနေရာပဲ
ရှင့်အတွက် ရွက်ရင့်စိတ်မကောင်းဘူးတီလေးရယ်....ဟား...."

ပြောလဲပြောညီမဖြစ်သူအနားလျှောက်သွား၍..
တစ်ဖက်ကုတင်နှင့်နံရံခြား တွန်းချလိုက်ကာ...

''နင်နိုးမလာနဲ့ဖူး မနက်ဖြန်မှနိုးလာခဲ့
နိုးလာတဲ့အခါကြရင် နင့်အမလုပ်လိုက်တဲ့အရာကိုနင်သိရင်ပျော်နေလိမ့်မယ်ဆိုတာ
ငါအာမခံတယ်..."

ပြောကာ တစ်ချက်မဲ့ချပြစ်လိုက်၍
အခန်းအပြင်ပြန်ထွက်လာကာ
ဟန်မပျက်အောက်ထပ်ဆင်းလာလိုက်၏။

''သမီး သမီးတီလေးကိုဖုန်းဆက်ပါအုံး
ဖူးလေးကိုတွေ့ရဲ့လားဆိုတာ..."

''ဆက်တယ်မေမေ တီလေးဖုန်းကပိတ်ထားတယ် ဖူးလေးလဲဖုန်းပိတ်ထားတယ်..."

ဒေါ်တင်မမ မျက်နှာပျက်လာရင်း
စိုးရိမ်မှုတို့က ကြီးဆိုးလာကာ...

''ဒုက္ခပါပဲ မိဖူးတော်တော်ဒုက္ခပေးတဲ့ကောင်မလေး သူ့ကြောင့်ငယ်လေးဒုက္ခရောက်နေမှဖြင့်..."

''မမကြီး ဘာဖြစ်လို့လဲရှင့်..."

''ဟင် ဒေါ်ကြီး အိပ်နေပြီမှတ်တာ
ဒီမှာမိဖူးပြန်မရောက်သေးလို့
ငယ်လေးလိုက်သွားတာ အခုနှစ်ယောက်လုံးပြန်မရောက်လို့ဒေါ်ကြီးရယ် ကျွန်မစိတ်ပူလို့သေတော့မယ်..."

''ဟင် ဖူးလေးပြန်ရောက်လို့အပေါ်တက်သွားတာ ညနေလေးနာရီလောက်ထဲကလေ
မမကြီး... "

''ဟုတ်တယ် မူးနေလို့အိမ်ရှေ့ကမမကြီးတွေ့မှာဆိုးလို့နောက်ဖွေးအပေါ်ကအိမ်ထဲဝင်သွားတာ
ကျွန်မတောင်တွဲပို့လိုက်သေးတယ်..."

You've reached the end of published parts.

⏰ Last updated: Jun 19 ⏰

Add this story to your Library to get notified about new parts!

💋💋သူပြုစားသော...အနမ်း💋💋Where stories live. Discover now