အပိုင်း(2)

3.3K 86 0
                                    

💋💋 သူပြုစားသော..အနမ်း 💋💋
အပိုင်း(2)

''အမလေး ​ကြားလို့ကောင်းသေးရဲ့လား
မိဖူး ညည်းတော့နော်... "

''အာ မေမေကလဲတီလေးကသူ့ဘာသာလိုက်လာတာကိုယ်...ဖူးကစာမေးပွဲပြီးလို့မေမေကိုပြောသွားတာလေ...တီလေးလိုက်လာလို့သာ
ဖူးအခုအစောကြီးပြန်ရတာ...''

အဒေါ်ဖြစ်သူကိုအပြစ်တင်သလိုလို
မိခင်ဖြစ်သူကိုအပြစ်တင်သလိုလ်ိူနှင့်ပြောနေသည့်သမီးငယ်အား ဒေါ်ခင်မမ ဒေါသထွက်စွာကြည့်၍ ...

''ဒီကောင်မလေးပြောလေဆိုးလေးပါလား
ညည်းတီလေးက ညီးတို့အပေါ်ဘယ်လောက်ချစ်လဲညည်းတို့သိတာပဲ ညည်းတ်ို့ကိုစိုးရိမ်လို့
သူ့အလုပ်တွေပြစ်ထားပြီးလိုက်တာ
ဒါကိုအကောင်းမမြင်ကြဘူးလား ညည်းတို့က..."

''မေမေကပြောလိုက်ရင် မေမေညီမဘက်ကပဲ
တီလေးသာပြောတာ ရွက်ရင့်နဲ့အသက်တူရွယ်တူအပြင်သွားရင် သူကလှတော့ ရွက်ရင့်ဘယ်လောက်မျက်နှာငယ်ရတယ်မှတ်လဲ
အဲ့ဒါမေမေကြောင့် မေမေသာတီလေးလောက်
လှအောင်မွေးပေးရင် ရွက်ရင့်တို့အပြောခံရမှာမဟုတ်ဘူး..."

ဒေါ်တင်မမရဲ့အကြီးဆုံးသမီးဖြစ်သည့်
ရွက်ရင့်မေ မကျေမနပ်ပြောလာချိန်
ဒေါ်တင်မမ မျက်နှာအထက်အံ့သြမှုတ်ို့က
ဖြစ်ပေါ်လာ၍..

''ညည်းတို့အေ ကျုပ်ညီမလေးကညည်းတ်ို့အပေါ်ကောင်းရှာပါတယ်အေ ဒါကိူညည်းတ်ို့က
မနာလိုစိတ်များပြီး ပန်းပျိုးအပေါ်အပြစ်ရှာချင်နေတာပဲ.. မိဖူး ညည်းဒီနေ့ကစပြီးအဲ့ဒီနေရာကိုသွားတာ ဒါနောက်ဆူံးဖြစ်ပါစေ..."

"ဟာ မေမေ..."

''ဟာမေမေမလုပ်နဲ့ ညည်းတ်ို့ကိုယ့်အဒေါ်က်ို
အပြစ်ပုံချမနေကြနဲ့ ညည်းတ်ို့ကိုဟိုက
ဖြစ်ချင်တာ အကုန်လိုက်လုပ်ပေးရှာနေတာပဲ..."

''အပြစ်ရှာနေတာမဟုတ်ဘူးမေမေ
ဒါရွက်ရင့်တို့ခံစားချင်ကိုပြောပြတာ
နောက်ဆို ရွက်ရင့်တို့အပြင်သွားရင်
မေမေညီမကိုမထည့်ပါနဲ့...''

အပြင်သွားတိုင်း 'ဟယ် ပန်းပျိုးလေးကနုပြီးလှလိုက်တာ တူမတွေထက်အဒေါ်ကိုချောချောလေးတော့...'ဆိုသည့်စကားတွေကြားတိုင်း
ရွက်ရင့်အတွက်နာကျင်လှသည်။

💋💋သူပြုစားသော...အနမ်း💋💋Where stories live. Discover now