အပိုင်း(3)

2.4K 85 2
                                    

အပိုင်း(အပိုင်း3)
💋💋သူ့ပြုစားသော...အနမ်း💋💋

''ပန်းပျို နင်ဘာဖြစ်လိူ့လဲ နေမကောင်းဘူးလား
မျက်နှာလဲဖြူဖျော့နေတာပဲ..."

''ဟင့်အင်း ဘာမှမဖြစ်ဘူး လင်း
စာချုပ်ချုပ်မဲ့သူမရောက်သေးဘူးလား..."

''လမ်းရောက်နေပြီပြောတာခဏနေ
ရောက်တော့မှာပါ..."

''အင်း..."

ပန်းပျိုး သူမအားအခုအချိန်ထိကြည့်နေသော
ထိုလူအား မကျေမနပ်ပြန်ကြည့်ပြစ်၍
မကြိုက်ကြောင်းနေပြလ်ိုက်သည်။

ဒါကိုသကောင့်သားကတော့ဂရုမစိုက်ဘဲ
လက်ကိုပါပိုက်၍ ကြည့်နေတာဘေးကမိန်းကလေးကိုပင်အားနာရမှန်းမသိ။

ထိူမိန်းကလေးကိုပန်းပျိုးသနားမိသည်။ဒီလိုလူရူပ်လူပွေနဲ့မှ ပတ်သပ်ရတာနှမျှောစရာကောင်းလှသည်။

''ပန်းပျိုး ဟိူနေ့က ကိုသုခကြီးငါ့ကိုနင့်ဖုန်းနံပါတ်တောင်းနေတယ်သိလား ဟဲဟဲငါပေးလိုက်ရမလးး ...''

လင်းအပြောကြောင့် ပန်းပျ်ိုမျက်နှာလေးရဲတက်သွားကာ...

''လင်းနော် မပေးနဲ့ပန်းပျိုးသူ့က်ိုစိတ်မဝင်စားဘူးပြောပြီးသားပဲ..."

လင်း ပန်းပျ်ိုးမျက်နှာလှလှလေးအားကြည့်၍..

''ပန်းပျိုးရယ် နင့်အပျ်ိုကြီးလုပ်မယ်လို့
စိတ်ကူးထားတာလားပြောစမ်း..."

''ဟုတ်တယ် ငါအပျိုကြီးလုပ်ပြီး
ငါ့တူမလေးတွေကိုပဲဝအောင်ချစ်မယ်..."

လင်း ပန်းပျ်ိုးမျက်နှာလေးအားကြည့်၍
ခေါင်းရမ်းလိုက်ကာ..

''မဟုတ်ဘူး ပန်းပျိုး နင်ကသာ
နင့်တူမတွေဆိုပြီးပါးစပ်ဖျားကမချတာ
နင့်တူမတွေကိုနင့်ကိုအကောင်းမြင်လို့လား
ပန်းပျ်ိုးရယ်..."

''အဲ့ဒါကလဲ သူတို့ကငယ်သေးလို့ပါဟာ...''

''ဘာငယ်တာလဲ အကြီးမရွက်ရင့်ကနင်နဲ့လပိုင်းပဲငယ်တာ အငယ်မလေးကလဲအခုအသက်၁၉ပြည့်နေပြီဒါကိုငယ်သေးတာလား
ပန်းပျိုးရယ်...''

''နင့်စေတနာတွေကိုငါနားလည်ပါတယ်
လင်းရယ် ဒါပင်မဲ့ငါ့မှာတွယ်တာစရာတွေဆိုလို့သူတို့လေးတွေပဲရှိတာလေ..."

💋💋သူပြုစားသော...အနမ်း💋💋Where stories live. Discover now