💋💋သူပြုစားသော...အနမ်း💋💋
အပိုင်း(6)ဝေါ...ဝေါ...
ဂလုပ်...ဂလုတ်...
ပင်လယ်လှိုင်းများကတစ်ဝေါဝေါ
ပုတ်ခပ်နေကာ လေနုနုလေးများကလဲ
ဖြတ်သန်းပြေးလွှားနေလျှက်။ကားကြီးထဲ အိပ်မပျော်သောလူတစ်ယောက်
ဘေးကမိန်းကလေးရဲမျက်နှာဆီကိုသာ
မျက်တောင်မခပ်တမ်းကြည့်နေပုံက
မြင်သာမြင်ရင် ရင်ဖိုစရာအတိ။ဘာမှမသိရှာသော ပန်းပျ်ိုး ဆေးအရှ်ိန်ကြောင့်ရောအနာအရှိန်ကြောင့်ပါ လူကဖျော့တော့တော့။
''အဟင့် ချမ်းတယ်... မမ ပန်းပျိုးချမ်းတယ်..."
အသံသဲ့သဲ့လေးနှင့်အတူ လက်ကလေးပိုက်ကာနေသည့်ပုံစံလေးမှာသနားသဖွယ်။
''ချမ်းတယ်.. ပန်းပျိုးချမ်းတယ်..."
မျက်ဝန်းမပွင့်ဘဲ နှုတ်ဖျားမှ
ညည်းနေတာအား အာဏာမတုန်မလှုပ်ကြည့်နေ၍ ချက်ချင်းမျက်နှာလွဲပစ်ကာ
အပေါ်အင်္ကျီကိုချွတ်၍ သူမကိုယ်ပေါ်လွှားပေးလ်ိုက်သည်။ဘယ်သူမှမပါဘဲ အပြင်တစ်ယောက်ထဲထွက်လာကာ သတ္တ်ိကောင်းလွန်းသောသူမအကြောင်း တွေးမိပြန်တော့ မျက်နှာမှာတည်တင်းသွား၍ ဒေါသလဲအတော်ဖြစ်မိသည်။
''ချမ်းတယ်..."
''ဟာ..."
ပြောလဲပြော ဘေးကသူ့ရင်ခွင်ထဲ
အတင်းတိုးဝင်လာသည့် ကိုယ်နွေးနွေးအိအိလေးကြောင့်အာဏာ အံ့ကိုတင်းတင်းကြိတ်ထားကာ ဖယ်ရန်လက်ကိုမလိုက်ပင်မဲ့
သူမကတော့ တင်းကြပ်စွာထပ်တိူးဝင်လိုက်တာကြောင့် သူ့ရင်ခွင်ထဲက မျက်နှာဖြူဖျော့ဖျော့လေးကိုငုံ့ကြည့်၍..''ကျစ်... လုပ်ပြီကွာ..."
စိတ်မရှည်စွာပြောပြီး လက်တို့ကတော့
မဖယ်ချ။မဲနက်သောမျက်ခုံးကြီးတို့ကလဲ
အပေါ်သို့အလိုမကျစွာပင့်တက်နေကာ
သူ့ရင်ခွင်ထဲဝင်တိုးကာဖက်ထားပြီး
အိပ်ပျော်နေသည့် ဒီအမျ်ိုးသမီးကြောင့်
သက်ပြင်းသဲ့သဲ့ချကာ လက်က ကားရဲ့
လော့ကာထဲထည့်ထားသည့် ဆေးလိပ်နှင့်မီးခြစ်ကိုယူလိုက်ပင်မဲ့ သူ့ရင်ခွင်ထဲက
သူမကိုယ်သတိရသွား၍ ပြန်ချလိုက်မိတာ
အာဏာပိုင်ဆိုသော သူ့အတွက် ဒါပထမဆုံးပင်။
YOU ARE READING
💋💋သူပြုစားသော...အနမ်း💋💋
Romanceကျွန်တော်မျက်ဝန်းထဲ ခင်ဗျားကအရမ်းလှနေတာတော့ ခင်ဗျားအပြစ်ပဲဒေါ်ပန်းပျိုးလတ်