အပိုင်း(10)

2.2K 64 2
                                    

💋💋သူပြုစားသော...အနမ်း💋💋
အပိုင်း(10)

ပြုတ်ကျသွားသည့်အထုပ်လေးကို
ပန်းပျိုးအမြန်ကောက်လိုက်၍
အခြားသူတွေ့သွားမှာဆိုးသောကြောင့်
အိတ်ထဲထည့်ကာ အိမ်ထဲပြန်ဝင်လာလိုက်သည်။

''ငယ်လေး..."

''အမလေး.."

တင်မမလန့်နေသောညီမဖြစ်သူကို
မျက်ခုံးများပင့်တက်ကာကြည့်၍..

''ဘာဖြစ်လို့လဲငယ်လေ နေရောကောင်းပြီလား
အနာကရောကိုက်သေးလား...''

နဖူပေါ်လာစမ်းသောမမကို ပန်းပျိုးကြည့်၍
ခေါင်းလေးရမ်းလိုက်ကာ..

''ဟင့်အင်း..ပန်းပျ်ိုး သက်သာနေပါပြီမမ..."

''ကိုကြီးက ငယ်လေးဆီဖုန်းခေါ်မယ်တဲ့
မနက်ဖြန်ကြရင်..."

''ကိုကြီးဖုန်းဆက်တာလားမမ..."

''ဟုတ်တယ်ငယ်လေး ကိုကြီးငယ်လေးနေမကောင်းဘူးဆိုတာသိသွားတယ်..."

မျက်နှာမကောင်းသောမမက်ို
ပန်းပျ်ိုးကြည့်၍...

''ပန်းပျိုး နေကောင်းနေပါပြီမမ..."

တင်မမ အနည်းငယ်ချောင်ကျသွားသော
မျက်နှာလေးကိုစိတ်မကောင်းစွာကြည့်၍
လက်ကလေးကိုကိုင်လိုက်ကာ...

''မမ ငယ်လေးကိုတောင်းပန်ပါတယ်ကွယ်
မမအသုံးမကျလို့...".

''ဟင့်အင်း ဘာဖြစ်လို့မမက ပန်းပျိုးကို
တောင်းပန်နေရတာလဲ ပန်းပျိုးဘာမှဖြစ်တာမှမဟုတ်တာ မမပန်းပျိုးအပေါ်အကောင်းဆုံး
မေတ္တာတွေပေးခဲ့တာပဲ..."

''မဟုတ်ဘူး မမပန်းပျိုးကိုလုံခြုံအောင်
မကာကွယ်နိုင်ခဲ့ဘူး မမအသုံးမကျလို့
ဖူးနဲ့ရွက်ရင့်က...''

''မမ သူတို့လေးတွေက ပန်းပျိုးရဲ့တူမလေးတွေပါ ပန်းပျိုးအပြစ်မမြင်ပါဘူးမမရယ်
ပန်းပျ်ိုးသူတိူ့လေးတွေကိုချစ်တယ်
ပန်းပျိုးအပေါ်ဘယ်လိုပဲပြုမူပါစေ
ပန်းပျိုးအမြစ်မမြင်ပါဘူး.. "

တင်မမ မျက်ရည်တွေကျလာ၍
ညီမဖြစ်သူကိုယ်လေးအားတင်းတင်းဖက်ထားလိုက်မိကါ...

''ငယ်လေးရယ်..."

ပန်းပျိုး မမကိုပြန်ဖက်ထားရင်း
ပြုံးလိုက်ကာ..

💋💋သူပြုစားသော...အနမ်း💋💋Where stories live. Discover now