💋💋သူပြုစားသော...အနမ်း💋💋
အပိုင်း(14)ဖုန်းထဲကပုံက်ိုကြည့်၍ နှုတ်ခမ်းများတွန့်ကာပြုံးလိုက်သည့်အာဏာ။
''အာဏာ ဘာတွေကြည့်ပြီးပြုံးနေတာလဲ..."
''အဟွန်း ဘာမှမဟုတ်ဘူးဘကြီး အခြားအကြောင်းကြောင့်ပါ.."
''အင်း ဒီနေ့ ကားလာကြည့်ကြလိမ့်မယ်
ကြိုက်တာနဲ့ယူမယ်ပြောတယ် မင်းဘယ်မှမသွားဘူးမဟုတ်လား..''''ကျွန်တော်ညကြမှသွားမှ အခုအလုပ်တွေ
ပြီးအောင်လုပ်လိုက်အုံးမယ်..."''ဟုတ်ပါပြီ ဒါနဲ့မင်းအိမ်နဲ့ခြံကိုငွေချေရင်
လာလို့ရပြီပြောတယ် အဲ့ဒါဘကြီးလိုက်ပေးရအူံးမလား..."''ဘကြီးပဲကောင်းသလိုလုပ်ပေးပါ
ကျွန်တော်ရှေ့နေတော့ခေါ်ထားတယ်
မနက်ဖြန်စာချုပ်ချုပ်ဖို့စီစဥ်ပြီးပြီ. .''''ကောင်းတာပေါ့ကွာ ကားလေးရောင်းလိုက်လို့
နှမျှောနေတာ ဒါပင်မဲ့ခြံနဲ့အိမ်လေးကို
တွေ့ပြီးတော့ မင်းအတွေးမှန်တယ်ဆ်ိုတာ
သိလိုက်တယ် စိတ်ငြိမ်ရက်ကွက်သန့်လေးမှာ
ဒီစျေးနဲ့ရတယ်ဆိုတာ အရမ်းကံကောင်းတယ်..."''ဟုတ်တယ်ဘကြီး ကျွန်တော်မြင်မြင်ချင်း
သဘောကျသွားလို့ဝယ်လိုက်တာ..."''အင်း ဒါနဲ့အဲ့မှာမင်းပြောင်းနေတော့မလို့လား..."
''မနေသေးဘူးဘကြီး ကျွန်တော်ပြင်ဆင်လိုက်အုံးမယ်မကြိုက်တဲ့အရာဖြိုချပြီးအသစ်ပြန်လုပ်မှာ..."
''နေပါအုံး အာဏာ ဘကြီးတစ်ခုနားမလည်လို့
ဒီဝန်းကြီးလဲလူလေးအပိုင်ပဲ ဒီမှာနေလို့ရတာပဲ
မဟုတ်မှမိန်းမယူတော့မလိူ့လား...''ဘာကြီးအမေးကိုအာဏာဘာမှမဖြေပဲ
ပြုံးလိုက်၍ လက်ထဲကိုင်ထားသည့်
ဂွကိုဘုံးထဲထည့်ကာ...''ဘကြီး ကျွန်တော်ယူတာနဲ့ပြောမှာပါ..."
ဦးဟန်ကြီးသဘောကျသွားကာ
ခေါင်းငြိမ့်လိုက်၍..''ဟေ့ ဟုတ်ပါပြီကွာ လူငယ်တွေကြား
ဘကြီးဘာမှဝင်မပါချင်ဘူး ဒါပင်မဲ့
တကယ်ယူမယ်ဆိုပြောကွာ ဘကြီးကိုယ်တိုင်လိုက်တောင်းပေးမယ် ဟုတ်ပြီလား..."
YOU ARE READING
💋💋သူပြုစားသော...အနမ်း💋💋
Romanceကျွန်တော်မျက်ဝန်းထဲ ခင်ဗျားကအရမ်းလှနေတာတော့ ခင်ဗျားအပြစ်ပဲဒေါ်ပန်းပျိုးလတ်