💋💋သူပြုစားသော...အနမ်း💋💋
အပိုင်း(12)မနက်ခင်းအလင်းရောင် တိုးဝင်လာတာကြောင့်
ဒေါ်တင်မမ ပြတင်းပေါက်ကိုဖွင့်လိုက်၍
ရေကူးကန်ဘက်အကြည့်တို့ရောက်သွားချိန်
မြင်လိုက်သည့်မြင်ကွင်းကြောင့် မျက်နှာအထက်စိုးရိမ်မှုတို့ကဖြစ်ပေါ်လာကာ
အမြန်အိမ်ပေါ်ထပ်ကနေဆင်းလာ၍ ခြံထဲအပြေးအလွှားလျှောက်သွားလိုက်သည်။ထိုင်ခုံလေးကိုမှီကာအိပ်ပျော်နေသည့်ညီမဖြစ်သူကိုကြည့်၍ ကိုယ်ပေါ်ကထပ်ဝတ်ထားသော
အနွေးထည်ကိုအကြည့်ရောက်သွားခိုက်...
နဖူးလေးအပေါ်လက်တင်ကြည့်လိုက်တော့
ကိုယ်မပူတာကိုကြည့်၍ အခုမှစိတ်အေးသွားရကာ..''ငယ်လေး ငယ်လေး...''
ရင်းနှီးနေသည့်အသံကြောင့် ပန်းပျိုးမျက်ဝန်းလေးများဖွင့်ကြည့်ချ်ိန်မြင်လိုက်ရသည့် မမ
တစ်ဆက်ထဲညကအဖြစ်ကို သတိရသွား၍
ဘေးပတ်ဝန်းကျင်ကိုပြူးပြူးလေးလိုက်ကြည့်ပင်မဲ့ ဘယ်သူမှမတွေ့ရတာကြောင့် အခုမှစိတ်အေးသွားရသည့်ပန်းပျိုး ပင့်သက်လေးချမိတော့၏။တင်မမ ညီမဖြစ်သူရဲ့ထိန့်လန့်နေသောပုံစံကိုကြည့်၍...
''ငယ်လေး ဘာဖြစ်လို့လဲ ဒဏ်ရာရောအဆင်ပြေရဲ့လား ဘာလို့ဒီမှာအစောကြီးထပြီး
လာအိပ်နေရတာလဲငယ်လေးရယ် အအေးပြန်ပတ်သွားမှဖြင့် ထ မမအခန်းထဲလိုက်ပို့ပေးမယ်...''မမမရိပ်မိတာကိုပန်းပျိုးကြည့်၍ သက်ပြင်းသဲ့သဲ့ချကာ..
''ဟုတ်ကဲ့မမ..."
ပန်းပျိုး မမခေါ်ရာအနောက်အသာလိုက်လာလိုက်၍ ညကအဖြစ်တို့အားသတိရချိန်
မျက်နှာလေးများရဲတက်လာကာ နှုတ်ခမ်းလေးအားအသာဖိကိုက်ထားလိုက်၏။''ငယ်လေး အိပ်ရေးဝအောင်အိပ် မမထမင်းစားခါနီးမှလာခေါ်ခိုင်းလိုက်မယ်ကြားလား..."
''ပန်းပျိုး ဒီနေ့စက်ရုံသွားမလို့မမ...''
''နောက်ရက်မှသွားပါငယ်လေးရယ်
မမလင်းကိုဖုန်းဆက်ထားလိုက်မယ်
အခုတော့အိပ်လိုက်အုံးနော်ငယ်လေး
မမစကားနားထောင်ပါကွယ်...."
YOU ARE READING
💋💋သူပြုစားသော...အနမ်း💋💋
Romanceကျွန်တော်မျက်ဝန်းထဲ ခင်ဗျားကအရမ်းလှနေတာတော့ ခင်ဗျားအပြစ်ပဲဒေါ်ပန်းပျိုးလတ်