အပိုင်း(8)

2.7K 83 10
                                    

💋💋သူပြုစားသော...အနမ်း💋💋
အပိုင်း(8)

''ဟုတ်ကဲ့.. ကိုကြီး..."

''ဖုန်းခေါ်နေတာကြာပြီ ဘယ်မှာလဲငယ်လေး..."

''ငယ်လေးက အိပ်နေတယ်ကိုကြီး..."

တင်မမ သူမအပြောကို ယုံသွားတာလားမသိ
အသံတိတ်သွားသည့်ကိူကြီးကြောင့်
ရင်တစ်ထိပ်ထိပ်။

''ဘာဖြစ်လို့လဲ အခုမှ နေ့လည်ပဲရှိသေးတာမဟုတ်လား မြန်မာပြည်မှာက.. ''

''ဟုတ်တယ်ကိုကြီး ငယ်လေးနေသိပ်မကောင်းလို့ ဆေးသောက်ပြီးအိပ်နေတာ...''

''ဘယ်လိုဖြစ်လို့လဲ နင်ငယ်လေးကိုဂရုမစိုက်ဘူးလား တင်မ...''

တင်မမဆိုသောနာမည်ကိုအမြဲပင်တင်မလို့ခေါ်တက်သည့်ကိုကြီး။

''တင်မ ဂရုစိုက်ပါတယ်ကိုကြီးရယ်
စိတ်မပူပါနဲ့ အခုကရာသီအကူးအပြောင်းကြောင့်ဖျားကြတယ်လေ တင်မတို့တစ်အိမ်လုံး
ဖြစ်ကြတာ အခုတော့သက်သာနေပါပြီ...''

''ငယ်လေးမသက်သာရင်ငါ့ကိုအကြောင်းပြန်
ငါလာခဲ့မယ်..."

''ရပါတယ်ကိုကြီးရဲ့ မနက်ဖြန်လောက်ဆို
ငယ်လေးပြန်ကောင်းပါပြီ စိတ်မပူပါနဲ့
ကျွန်မတစ်​ယောက်လုံးရှိပါတယ်..."

''နင့်ကိုစိတ်ချတယ် စိတ်မချတာနင့်သမီးတွေကိုတင်မ ငါ့ညီမလေးကို နင့်သမီးတွေကြောင့်
တစ်ခုခုဖြစ်လိူ့ကတော့ ငါအပြီးလာခေါ်မယ်...''

''စိတ်ချပါကိုကြီးရယ် ကျွန်မငယ်လေးကို
သေချာစောင့်ရှောက်မှာပါ..."

''အေးနင့်ကိုယုံကြည်လို့ ငါငယ်လေးကိုထားခဲ့တာ ဒါနဲ့မွေးနေ့လက်ဆောင်ပေးတာ
ငယ်လေးကြိုက်ရဲ့လား..."

''ကြိုက်တယ်ကိုကြီး အခုအဲ့ဒီကားပဲ
စီးနေတာလေ...''

''နောက်တစ်ပတ်လူကြုံရှိလို့
ငယ်လေးအတွက် ဝေက လက်ဆောင်ထည့်ပေးလိုက်မလို့တဲ့ နင်နဲ့နင့်သမီးတွေအတွက်ရောပါတယ် အဲ့ဒါလာပို့ပေးလိမ့်မယ်..."

''ဟုတ်ကဲ့ပါကိုကြီးရဲ့ မမဝေရော နေကောင်းရဲ့လား...''

''ကောင်းပါတယ် သူလဲဒီမှာသူ့companyနဲ့အလုပ်တွေကိုယ်ရူပ်နေတာ ..."

💋💋သူပြုစားသော...အနမ်း💋💋Where stories live. Discover now