💋💋သူ့ပြုစားသော...အနမ်း💋💋
အပိုင်း(4)ကားအဖုံးဖွင့်ကာ ကျွမ်းကျင်စွာပြင်နေသည့်သူ့ကိုပန်းပျိုးတစ်ချက်သာကြည့်၍ မျက်နှာလေး
လွဲပြစ်လိုက်သည်။ဝက်ရှော့မှာသာအလုပ်လုပ်တာ
သူများတွေလို စက်ဆီတွေဖြင့်
မညစ်ပတ်နေဘဲ သန့်ပျံ့နေပုံက
အမြင်ကပ်ဖွယ်။ရုပ်ကဂျစ်ကန်ကန်နဲ့ ဘားမှာတောင်
အများနှင့်တစ်ယောက်ရန်ဖြစ်ရဲတဲ့
သတ္တိကတော့မသေး။Ring...Ring...Ring...
ထိုအချိန်ဖုန်းမြည်လာသောကြောင့်
ကြည့်လ်ိုက်ချိန် နံပါတ်စိမ်းဖြစ်နေကာ
ပန်းပျိုး တစ်ချက်တွေဝေသွား၍
ကိုင်လိုက်သည်။''ဟယ်လို..."
''ပန်းပျိုးလား..."
တစ်ဖက်မှ နာမည်ကိုတရင်းတနှီးခေါ်လိုက်သည့်လူကြောင့် ပန်းပျိုးမျက်ခုံးမဲမဲလေးများ.ပင့်တက်သွားကာ..
''ဟုတ်ပါတယ် ကျွန်မပန်းပျိုးလတ်ပါ..."
''ကိုယ်ပါ သုခ..."
''အော် ကိုသုခ ဘာပြောစရာရှိလို့ပန်းပျိုးကို
ဆက်တာလဲမသိဘူး ပန်းပျိုးအပြင်ရောက်နေလို့လေ..."''မဟုတ်ပါဘူး ပန်းပျိုးမွေးနေ့ဆို...."
တီ...တီ...တီ...တီ...
ထိုအချိန် ကားဟွန်းသံအဆက်မပျက်ထွက်လာသောကြောင့် တစ်ဖက်ကပြောတာတွေအား
ပန်းပျိုးမကြားရ။''ဟယ်လို ကိုသုခဘာပြောတာလဲဟင်
ပန်းပျိုးမကြားး..."တီ..... ...
တမင်းတီးနေလားထင်ရလောက်အောင်
ထွက်နေသည့် 'ဟွန်းသံ' ကြောင့်
ပန်းပျိုးဖုန်းကိုချပြစ်လိုက်ကာ
နှုတ်ခမ်းလေးဖိကိုက်ပစ်၍ အသံလာရာကြည့်လိုက်ကာ အနားလျှောက်သွားလိုက်သည်။''ဒီမှာ ရှင်ဘာလို့ 'ဟွန့်အသံ' ကိုဖွင့်ထားရတာလဲ..."
ပန်းပျိုးအော်ပြောပင်မဲ့ 'ဘာလဲ' ဆိုသည့်
သဘောဖြင့်မေးဆက်ပြလာသည့်
သူ့ပုံစံကြောင့် ပန်းပျိုးလက်သီးလေးဆုပ်ကာ
ဒေါသတို့အားမြိုချပြစ်၍ စိတ်အားလျှော့ချပြစ်လိုက်သည်။
YOU ARE READING
💋💋သူပြုစားသော...အနမ်း💋💋
Romanceကျွန်တော်မျက်ဝန်းထဲ ခင်ဗျားကအရမ်းလှနေတာတော့ ခင်ဗျားအပြစ်ပဲဒေါ်ပန်းပျိုးလတ်