အပိုင်း(7)

2.3K 56 1
                                    

💋💋သူပြုစားသော..အနမ်း💋💋
အပိုင်း(7)

"အမလေးကြည့်ပါအုံးငယ်လေးရယ်
ဘာလို့ဘယ်သူမှမပြောဘဲ ထွက်သွားရတာလဲ
တော်သေးတာပေါ့ မမဆီငယ်လေးပြန်ရောက်လာလို့..."

"ပန်းပျ်ိုးတောင်းပန်ပါတယ်မမ...''

"ဟင့်အင်း အဲ့ဒါတွေမလိုဘူး အရေးကြီးတာ
ငယ်လေးဘာမှမဖြစ်ဖို့ပဲ..."

ဒေါ်တင်မမ အိပ်ယာဘေးကယောကျာ်းဝတ်
အနွေးထည်ဆီအကြည့်ရောက်သွား၍
ငယ်လေးဆီပြန်ကြည့်တော့လဲ မျက်နှာလေးမှာတည်ငြိမ်နေတာကြောင့် ဘာမှမမေးရက်တော့။

ညက အဖြစ်ကိုလဲ ငယ်လေးဘာမှသိပုံမပေါ်။
ထိုတော့မှ သက်ပြင်းသဲ့သဲ့ချကာ
ခြေထောက်ကဒဏ်ရာဆီအကြည့်ရောက်သွားခိုက် ညီမဖြစ်သူကိုသနားမိသွား၏။

"ညနေဆေးခန်းသွားကြမလားငယ်လေး..."

"မသွားတော့ဘူးမမ...ပန်းပျိုးသက်သာပါတယ်..."

''ဟုတ်ပါပြီ ဒါဆိုငယ်လေးနားလ်ိုက်နော်
ငယ်လေးနိုးလာရင် သောက်ဖို့ မမမြူဆွမ်လေး
ပြုတ်ပေးထားမယ် ကြက်သားကြတော့
ဒဏ်ရာရှိတော့ မတည့်မှာဆိုးလိူ့..."

''ဟုတ်ကဲ့မမ... ''

''ဒါဆို နားလိုက်နော်..."

တင်မမ ညီမဖြစ်သူကိုချစ်စနိုးကြည့်၍
စောင်သေချာခြုံပေးကာ အခန်းထဲကထွက်လာသည်နှင့် မျက်နှာအထက်တင်းမာမှုတ်ို့ကပေါ်လာကာ သမီးဖြစ်သူအခန်းဆီသို့လျှောက်သွားလိုက်သည်။

အခန်းထဲ ကျန်နေခဲ့သည့်ပန်းပျ်ိုး
မနက်ကသူမကိုပို့ပေးပြီး မျက်နှာကြီး
မှုံကုတ်ကာပြန်သွားသည့်သူ့အကြောင်းစဥ်းစားနေမိ၏။

ပန်းပျ်ိုး သူ့ကိုတောင်းပန်ဖို့စကားစလိုက်ပင်မဲ့
သူရဲ့အပြုံးအရယ်မရှိသောမျက်နှာကြောင့်
ဒီအတိုင်းပါးစပ်ပိတ်ပြီးသာလိုက်လာလိုက်၏။

ထိုအချိန်မျက်ဝန်းများက ဘေးတစ်ဖက်တွင်တင်ထားသော အင်္ကျီကိုမြင်လိုက်ချိန်..

''ဒုက္ခပဲ.. ငါသူ့အင်္ကျီမပေးလိုက်မိဘူး..."

Ring...Ring...Ring...

''အမလေး..."

ထိုအချိန် ဖုန်းမြည်လာသံကြောင့်
ပန်းပျ်ိုးလန့်သွားကာ ပန်းပျ်ိုးဖုန်းက်ိုကြည့်တော့လဲမဟုတ်။တစ်ဆက်ထဲ မျက်ဝန်းလေးများက ထိုအင်္ကျီဆီအကြည့်ရောက်သွားသလို
အိပ်ယာပေါ်မှထရပ်လိုက်၍ တဖြည်းဖြည်း အနားလျှောက်သွားကာ အင်္ကျီအိတ်ကပ်ထဲ
မဝင့်မရဲစမ်းကြည့်လိုက်သည်။

💋💋သူပြုစားသော...အနမ်း💋💋Where stories live. Discover now