part(13)

2K 44 4
                                    

💋💋သူပြုစားသော..အနမ်း💋💋
အပိုင်း(13)

''ဟုတ်ကဲ့ ကိုကြီး ပန်းပျိုးနေကောင်းပါတယ်
စိတ်မပူပါနဲ့နော်..."

''အင်း ...ငယ်လေးမျက်နှာသိပ်မလန်းပါလား
တကယ်ရောနေကောင်းတာ ဟုတ်ရဲ့လား..."

အပြင်ကဆိုင်ကယ်သံကြားတာနှင့်
ပန်းပျိုးမျက်နှာလေးမှာပျက်နေတာဖုံးဖိမရတော့။

ချက်ချင်းအခန်းမီးအပိတ်ပစ်၍
ရေချိုးခန်းထဲပြေးဝင်ကာ ကိုကြီးနှင့်Video call ပြောရသည့်အဖြစ်။

''ကောင်းပါတယ်ကိုကြီးရဲ့ စိတ်မပူနဲ့နော်
ပန်းပျိုးနေကောင်းပါတယ်..''

''ဟုတ်ပါပြီ ငယ်လေးဒီကိုလာမလည်တော့ဘူးလား..."

''လာမယ်ကိုကြီး ပန်းပျိုးအလုပ်လေးတွေ
မပြတ်သေးလို့ပါ..."

''ဟုတ်ပါပြီ ဒါဆိုလဲနားတော့ကိုကြီး
နောက်ရက်မှထပ်ဆက်လိုက်မယ်..."

''ဟုတ်ကဲ့ ကိုကြီး.."

ကိုကြီး ဖုန်းချသွားတော့မှ ပန်းပျိုးရင်ဘက်လေးအသာဖိကာ သက်ပြင်းသဲ့သဲ့ချလိုက်၍
သူပြန်သွားပြီလာဆိုတာသိချင်တာကြောင့်
ရေချိုးခန်းထဲကအမြန်ပြေးထွက်ကာ
ပြတင်းပေါက်အနားအသာပြေး၍လိုက်ကာ
လေးအားအသာဖယ်ကြည့်ချိန် လမ်းမီးရောင်အောက် မတွေ့ရ။

''ခင်ဗျား ဘာရှာနေတာလဲ ဒေါ်ပန်းပျိုးလတ်...''

''အမေရေး..."

အနောက်ကထွက်လာသောအသံအဆူံး
ပန်းပျိုးခေါင်းလေးတွေပင်ကြီးတက်သွားကာ
သူ့ကိုမယုံနိုင်သောအကြည့် ထိန့်လန့်သောအကြည့်တို့ဖြင့်ကြည့်၍ တစ်ဆက်ဆက်တုန်နေသောလက်ညိုးလေးဖြင့်ထ်ိုးကာ..

''ရှင်..ရှင်.. အာဏာ ငါ့အခန်းထဲ ဘာဝင်လုပ်တာလဲ အခုချက်ချင်းထွက်သွား.. "

ပြောလဲ​ပြော သူ့လက်ကြီးကိုပါအတင်းဆွဲလိုက်၍ လသာဆောင်တံခါးဆီအတင်းဆွဲခေါ်သော်လဲ အာဏာတစ်ယောက်မျက်နှာပြောင်တိုက်စွာ ထိုနေရာမှမရွေ့။

ကြောက်ရွံ့ထိန့်လန့်နေသောမျက်နှာလေးဆီသာစူးစိုက်ကာကြည့်၍ သူ့ကိုအတင်းဆွဲခေါ်နေသော လက်ကလေးကိုခပ်တင်းတင်းပြန်ဆုပ်ကိုက်လိုက်ရင်း...

💋💋သူပြုစားသော...အနမ်း💋💋Where stories live. Discover now