အပိုင်း(5)

2.4K 89 3
                                    

💋💋သူပြုစားသော...အနမ်း💋💋
အပိုင်း(5)

''ပန်းပျိုးလေး ညစာစားတော့မလား...''

အခန်းထဲဝင်လာ၍ မေးလာသည့်
ေဒါ်ကြီးကိုပန်းပျိုးပြုံးပြ၍...

''ပန်းပျိုးမစားချင်သေးလို့ဒေါ်ကြီး..."

''ဘာလို့လဲ နေမကောင်းလို့လားကွယ်
ခြေထောက်ရောသက်သာလား
ကလေး..."

''ဟုတ်နည်းနည်းတော့နာနေသေးတယ်
စိတ်မပူပါနဲ့ ပန်းပျိုး ဆေးသောက်လ်ိုက်ရင်ပျောက်သွားမှာပါ..."

''ဟုတ်ရဲ့လားကွယ် မမကြီးကိုဒေါ်ကြီးပြောလိုက်ရမလား..."

''နေပါစေဒေါ်ကြီးပန်းပျ်ိုးအဆင်ပြေပါတယ်..."

''ဒါဆို ဒေါ်ကြီးနွားနို့လာပိူ့ပေးရမလား
ဘာမှလဲမစားဘဲရင်တုန်မှာပေါ့..."

''ဟုတ်ဒါဆို ပန်းပျိုးကို နွားန်ို့ပဲလာပိူ့ပေးနော်
ဒေါ်ကြီး..."

''ဟုတ်ပြီ ပန်းပျိုးလေး ခဏပဲစောင့်နော်
ဒေါ်ကြီးနွားနို့အပူပေးပြီးလာပို့ပေးမယ်နော်. "

''ဟုတ်ကဲ့..."

ပန်းပျိုး​ဒေါ်ကြီးထွက်သွားမှ
ကိုက်တက်လာသည့် ခြေထောက်ကဒဏ်ရာကိုငုံ့ကြည့်လိုက်၍ လူပင်ကတုန်ကရင်​ဖြစ်လာတော့၏။

အနာရှိန်ကြောင့် တစ်ကိုယ်လုံး
နှုံးချိနေကာ လှုပ်ပင်မလှုပ်ချင်တော့ပေ။

ဒေါက်...ဒေါက်...

''ငယ်လေး အထဲမှာရှိလား မမဝင်လာမလို့...''

မမအသံကြားတာနှင့်ပန်းပျ်ိုးအိပ်ယာပေါ်တက်လိုက်၍ စောင်ထဲအမြန်ဝင်လိုက်ကာ
အိပ်ချင်ယောင်ဆောင်နေလိုက်သည်။

ဂျလောက်...

ထိုအချိန် တံခါးဖွင့်ဝင်လာသောတင်မမ
အိပ်ပျော်နေသောညီမဖြစ်သူအနား
လျှောက်သွား၍ စောင်ကိုအသာဆွဲဖျန့်ပေးကာ...

''ငယ်လေးကအိပ်ပျော်နေပြီပဲ
ဒီကောင်မလေးအစောကြီးအိပ်လေ့မရှိဘဲနဲ့ကွယ်..."

ပြောကာ မီးအိမ်လေးကိုပိတ်၍
တံခါးအပြင်ဘက်အသာပြန်ထွက်လာလိုက်သည်။

''ဒေါ်ကြီး ငယ်လေးကအိပ်ပျော်နေပြီ
ပြန်ယူသွားလိုက်တော့...''

💋💋သူပြုစားသော...အနမ်း💋💋Where stories live. Discover now