ပြိုင်ပွဲရဲ့ လမ်းတစ်လျှောက်မှာ ပွဲကြို အဖြူအနက် အစင်းကြား အလံများက လက်တင်သီချင်းသံများ အလျောက် ကခုန်လွှင့်မျောနေတော့သည်။ ဇိမ်ခံကားများစွာရဲ့ အင်ဂျင်သံများက ခြင်္သေ့ဟိန်းသံများအလား မြည်ဟိန်းနေသေးသည်။ ဒါတွေအားလုံးက ပြိုင်ပွဲရာသီ စတင်ပြီဖြစ်ကြောင်း ပြသနေသည့် လက္ခဏာများပင် ဖြစ်လေသည်။ စိတ်လှုပ်ရှားမှု့များတွင် ပျော်မွေ့ကြသည့် လူငယ်များဟာတော့ ဒီကျော်ကြားလွန်းလှတဲ့ ပြိုင်ပွဲဝင်နေရာထံသို့ စုကာဝေးကာ လာရောက်ကြတော့လေသည်။ ဒီပြိုင်ပွဲကြီးကို အတွင်းလူများက နာမည်ပြောင်တစ်ခု ပေးထားလေရဲ့... The Hollows (လိုဏ်ဂူကြီးများ) ၊ လူငယ်တွေ ကိုယ်စီရဲ့ ဒေါသများကို ပေါက်ကွဲခွင့်ရနိုင်သည့် နေရာကြီးတစ်ခုဖြစ်ကာ ယနေ့မှာတော့ တစ်ဦးချင်းဆီရဲ့ စိတ်ဆန္ဒများကို အတားအဆီးမရှိ ဖြည့်ဆီးနိုင်မည့်နေ့လည်း ဖြစ်လေသည်။
ကွင်းကြီးရဲ့ အနားတစ်ဖက်မှာ တည်ရှိနေသည့် ကြော်ညာဆိုင်းဘုတ်ကြီးထက်တွင် ကြီးမားသည့် ဒီဂျစ်တယ် နာရီကြီးက အချိန်အားဖြင့် တစ်နာရီ ဆယ့်ငါးမိနစ် ဖြစ်ကြောင်း ပြသနေလေသည်။ တစ်နည်းအားဖြင့် ပထမ တစ်ပိုင်း မယှဉ်ပြိုင်မှီ ဆယ့်ငါးမိနစ်သာလျှင် လိုတော့ကြောင်း ပြောနေခြင်းပင် ဖြစ်လေသည်။ တကယ်တော့ ဒီပွဲစဉ်ဟာ ရိုးရာအရ အရင်နှစ်ရာသီရဲ့ အကောင်းဆုံး ပြိုင်ပွဲဝင် အသင်းသားတွေသာလျှင် ပြိုင်မည့် အဖွင့်ပွဲစဉ်မျိုး ဖြစ်လေသည်။ဒါကြောင့်ပဲ ဒီလို ပူပြင်းလွန်းလို့ အသားတွေတောင် လောင်နိုင်လောက်သည့် ရာသီဉတုအောက်မှာတောင် ပွဲအဖွင့် မိတ်ဆက်အနေနှင့် ပြသထားသည့် အသင်းနာမည်များက လူများစွာရဲ့ အာရုံကို စွဲယူနေတော့သည်။
"အကြီးမားဆုံး စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး အံ့အားသင့်မှု့များစွာနဲ့ ပြည့်နှက်နေမယ့် ယခုနှစ်ရဲ့ ရာသီသစ်ကို ပြေးလမ်းသစ်ထက်ကနေတဆင့် ကြိုဆိုလိုက်ပါတယ် ခင်များ !!! အားလုံးရင်ထဲက ခံစားချက်တွေကို ပေါက်ကွဲခွင့် ရနိုင်မယ့် နေရာသစ်ကြီးရဲ့ ဖွင့်ပွဲ THE HOLLOWS!!!!"
ကျွမ်းကျင်လွန်းလှတဲ့ ပွဲတင်ဆက်သူရဲ့ အသံကျယ်က ပြိုင်ပွဲဝင်သူတွေနှင့် ပွဲကြီးပရိသတ်များထံမှာ ကျယ်လောင်စွာ ချီးကျူးအားပေးသံများနှင့် ပြန်လည်တုံ့ပြန်ခံလိုက်ရလေသည်။ ပွဲတစ်လျှောက် ပျံ့ကျဲနေကြတဲ့ လူငယ်များဟာ မကြာမှီ အချိန်အတွင်းမှာ ပွဲစတင်တော့မှာကို သိကြတာကြောင့် ပွဲကြည့်စင်တစ်လျှောက် အမြန် နေရာယူကာ ထိုင်ဖို့ ကြိုးစားနေကြတော့လေသည်။ ဒါ့အပြင် ပထမပွဲစဉ်မှ ပါဝင်ယှဉ်ပြိုင်သူများဟာလည်း သူတို့ရဲ့ ချစ်ရတဲ့ သားသမီးရတနာ(ပြိုင်ကားများ)များကို သူ့တို့ရဲ့ ဆုလာဒ်များအနေနဲ့ ခင်းကျင်းပြသထားသည့်အတွက်လည်း ဖြစ်လေသည်။
YOU ARE READING
PitBabe ( မြန်မာဘာသာပြန် စဆုံး)
FantasyI do not own this story. All copyright of this novel goes to the original author 🖋️alittlebixth🖋️. This translation isn't used for any commercial purposes. If the author directly requested, the translation will be taken down. ပြိုင်ကားမောင်းသူတစ်ဦ...