အချိန်ကုန်လာတာနဲ့အမျှ Babeနဲ့ Charlieက ပိုပိုပြီး ရင်းနှီးလာခဲ့တယ်။ အမြဲအတူတူ အချိန်ကုန်ဆုံး ဖြစ်တာကြောင့်လည်း ပါတာပေါ့။
အမှန်တိုင်းပြောရရင် Babeကိုယ်တိုင်တောင် သူ Charlie ကို သူ့ရဲ့ လူမှု့အသိုင်းအဝိုင်းထဲကို ဆွဲခေါ်သွင်းခဲ့မိလိမ့်မယ်လို့ မတွေးထားခဲ့မိဘူး။ အစက သူလိုတဲ့အချိန်လောက်ပဲ ခေါ်ဖို့ လုပ်ထားခဲ့တာ။ အလုပ်ပြီးသွားရင် လမ်းခွဲမယ်၊ ကိုယ့်အိမ်ကို ပြန် အဲ့လိုမျိုးပေါ့။ အစကတော့ အဲ့လိုမျိုးပါပဲ။ အခုနောက်ပိုင်းကျတော့ သူ့ လိုအင်ဆန္ဒတွေက ပိုပို ဆိုးလာတာကြောင့် Charlieကို သွားလိုက် ပြန်လိုက် လုပ်ခိုင်းမနေတော့ဘူး။ ဘာမှ မလုပ်နေဘူးဆိုရင်တောင် တစ်ချိန်လုံး မြင်နေချင်တာလည်းပါတယ်။ အဲ့တာကြောင့် အခုတော့ သူ ဒီအယ်လ်ဖာ စောင်ကလေးကိုပဲ မွေးစားလိုက်တော့တယ်။
ကောင်းတဲ့တစ်ချက်ကတော့ Charlieက လုံးဝကို ထိန်းရတာ မခက်ခဲဘူး။ စကားလည်း နားထောင်သလို့ သူ့ကိုကြောက်ပြီး ပြန်ပြောတာမျိုးလည်း မရှိဘူး။ သူပြောတာ ကြမ်းသွားရင်တောင် Charlieက အလွယ်တကူပဲ သူ့ကို အရှုံးပေးတယ်။ သူက လုပ်ဆိုရင်လည်း ခိုင်းတဲ့အတိုင်း လုပ်လိုက်တာပဲ။ ဒါပေမယ့် Babeမကြိုက်တာကိုတော့ သူက လုံးဝ မလုပ်ဘူး။ ဒီကလေးက ရိုးသားတယ်ဆိုပေမယ့် တစ်ခါတလေကျ နုံအလွန်းလို့ သူက အမြဲသာ ဆူမိနေတော့တာပဲ။ ဒါပေမယ့် သူ့ကြည့်ရတာ နေသားကျသွားပုံပဲ။ ဘာပြဿနာမှ ဖြစ်မနေတော့ဘူး။ ဒါပေမယ့် အခုတလော အဲ့ကလေး Charlieက သူ့ကိုယ့်သူ Babeရဲ့ သက်တော်စောင့်လို ဘာလိုလို လုပ်နေတာကတော့ တကယ်ကို အဆင်မပြေဘူး။
တစ်ရက် သူတို့ အတူတူ စျေးဝယ်စင်တာကို အတူတူထွက်ကြတုန်းပေါ့... Babeရဲ့ သူငယ်ချင်းက သူ့ကို စဖို့ နောက်ကနေ ခြောက်လိုက်တာကို အဲ့ကလေးကြီးက ကိုင်ပေါက်လိုက်လုနီးပါးပဲ။ အဲ့တာကြောင့် အဲ့လူလည်း တော်တော်လန့်သွားရတယ်။ ပြီးတော့ အဲ့တာကြောင့် သူကပဲ သက်တော်စောင့်ကြီး ဘေးထားပြီး ဘယ်သူမှ အကြောင်းကြား မထားမိသလို ခံစားရပြီး ကိုယ့်အမှားလို့ပဲ တွေးနေမိတယ်။
တစ်ခါတစ်လေ Charlieက သူ့ကို စောင့်ရှောက်ပေးဖို့ကို အရမ်းစွဲလမ်းနေတယ်လို့ ခံစားရတယ်။ ဉပမာဆို သူ့ကို တစ်ယောက်တည်း သွားခိုင်းဖို့ မနည်း ပြောရတယ်။ တစ်ခါတလေ တိုက်အောက်နားက စျေးဆိုင်လေးဆီသွားချင်တာတောင် နောက်က တစ်ကောက်ကောက် လိုက်နေတော့တာပဲ။ သူ့ဖန်တွေ ပေးတဲ့ လက်ဆောင်တွေဆိုလည်း အဲ့ကောင်လေးက အရင် ဆွဲယူပြီး ချက်ချင်း တစ်ခုချင်းဆီ ဖောက်ဖွင့်စစ်တာလည်း ပါသေးတယ်။ ပြီးတော့ အစားအသောက်ဆိုလည်း တစ်ယောက်ယောက်ကပဲ Babeကို အဆိပ်ခတ်တော့မှာလိုလို သူအရင် မြည်းကြည့်ပြီးမှပဲ ကျွေးတယ်။
YOU ARE READING
PitBabe ( မြန်မာဘာသာပြန် စဆုံး)
FantasyI do not own this story. All copyright of this novel goes to the original author 🖋️alittlebixth🖋️. This translation isn't used for any commercial purposes. If the author directly requested, the translation will be taken down. ပြိုင်ကားမောင်းသူတစ်ဦ...