အပိုင်း ၉

4.4K 143 91
                                    

သူ ဘယ်လောက်ပဲ ညင်ညင်သာသာနဲ့ အခန်းထဲက ခိုးထွက်ပြီး တံခါးပိတ်ဖို့ ကြိုးစားစား၊ အဆုံးမှာတော့ အိပ်ရာထက် အိမ်မောကျနေတတ်တဲ့ Babeက အမြဲ နိုးလာတတ်သည်။ အခုမှ ရေချိုးပြီးသွားတဲ့ Charlieက အခန်းပိုင်ရှင်လေးက နိုးနေပြီး အိပ်ချင်မူးတူးလေးနဲ့ မျက်လုံးတွေကို လက်နဲ့ ပွတ်သပ်နေတာကို မြင်လိုက်ရတဲ့ အခါမှာတော့ အပြစ်ရှိသလို ခံစားသွားရတယ်။ အခုမှ မနက် အစော ခြောက်နာရီသာ ရှိနေသေးလေသည်။

"ကျွန်တော် အသံကျယ်သွားလား?" Charlieက သူ့ကိုယ်သူ အပြစ်တင်နေတဲ့ အသံလေးနဲ့ မေးလိုက်တယ်။ သူ ဘယ်လောက်ပဲ ကြိုးစားပြီး ညင်သာနေပါစေ အဲ့တာက အမြဲ မလုံလောက်နေသလို ဖြစ်နေတော့သည်။

"မဟုတ်ဘူး၊ အသံကြောင့် နိုးလာတာ မဟုတ်ဘူး" Babeက တိုးတိုးလေးပဲ ပြန်ဖြေတယ်။

"မင်း ငါ့ အနားမှာ မရှိတော့ဘူးလို့ ခံစားလိုက်ရလို့၊ အဲ့တာမလို့ နိုးလာတာ"

ဒီအဖြေက သူ့ကို ကောင်းတာရော ဆိုးတာရောပါ တွဲပြီး ခံစားရစေသည်။ ဒါပေါ့ Babeက သူအိပ်ရာပေါ်ကနေ ပျောက်သွားတာကို နားလည်ရုံနဲ့ နိုးလာတယ်ဆိုတာလေးက အရမ်းကြည်နူးဖို့ကောင်းလေသည်။ ဒါပေမယ့် Babeသာ ဒါကို သတိမထားမိဘဲ သူ့ကိုယ် အခန်းထဲကနေ အေးဆေးစွာ ထွက်သွားခွင့် ပြုခဲ့မယ်ဆိုလျှင်တော့ သူ့အတွက် ပိုကောင်းသေးလေသည်။

"မင်း အပြင်ထပ်ထွက်ဦးမလို့လား?" အစော အိပ်ရာထနေတဲ့ Charlie ကို မြင်ချိန်မှာတော့ Babeက မနေနိုင်ဘဲ မေးလိုက်မိတယ်။ ပြီးတော့ သူက အပြင်ထွက်မယ့် လူတစ်ယောက်လို ပြင်ဆင်ထားသေးသည်လေ။

"အွန်း၊ အိမ်ကို ခဏပြန်စရာ ရှိလို့"

"မင်း အခုတလော အလုပ်များနေသလိုပဲနော်"

"အဲ့တာက... ကျွန်တော်လည်း လူကြီးပဲလေ၊ သေချာပေါက် လုပ်စရာတွေ ရှိတာပေါ့ဗျ" Charlieက အပြုံးလေးနဲ့ ပြန်ဖြေပြီး သူ့ဗီရိုထဲမှာ ရှိနေတဲ့ တီရှပ်အဖြူကို ကောက်ဝတ်ပြီး ဝတ်နေကျ အဝတ်တစ်ချို့ကို စပြီး ရှာလိုက်တယ်။ သူက အပြင်ထွက်တိုင်း မပြောင်းမလဲ ဒီအတိုင်း ဝတ်စားလေ့ရှိတာကြောင့်ပဲ ဖြစ်လေသည်။

PitBabe ( မြန်မာဘာသာပြန် စဆုံး)Where stories live. Discover now