အပိုင်း ၅

5.5K 151 70
                                    

ပျင်းနေပြီ။

အရမ်း ပျင်းနေပြီ။

စောက်ရမ်း သောက်ရမ်းကို ပျင်းနေပြီ။

ဒါက Babeခေါင်းထဲမှာ စာလုံးဆိုဒ်ကြီးကြီးနဲ့ နေရာယူထားတဲ့ တစ်ခုတည်းသော စကားလုံး ဖြစ်လေသည်။ ဒီနေ့မှာက အရာအားလုံးက ပျင်းစရာကောင်းနေတယ်။ သူက နှိုးစက်ကိုတောင် အားကိုးစရာမလိုပဲ အစောကြီး နိုးလာသေးတယ်။ ပြိုင်လမ်းပေါ်မှာ သွားလေ့ကျင့်ဖို့ အကြံလေးကလည်း The Hollowsက ထိန်းသိမ်းရေး ပြဿနာကြောင့် ပိတ်လိုက်ရတာကြောင့် ပျက်စီးသွားရတယ်။ တကယ်ပြောရရင်တော့ ဒီမတော်တဆ တစ်ခုလုံးက စိတ်ရှုပ်စရာ ကောင်းမနေသေးဘူး။ ဒီမနက်ကတည်းက ပျောက်သွားခဲ့တဲ့ ငတုံးကောင်ကြောင့်သာ မဟုတ်ခဲ့ရင်ပေါ့။

ဟုတ်တယ်။ အဲ့ငတုံးကောင်နာမည်က Charlieပဲ။

နာမည်ကျော်ကြားတဲ့ ပြိုင်ကားမောင်းသမားက ဘာလုပ်ရမှန်းမသိဘဲ အခန်းကို ပတ်ချာလည် လမ်းလျှောက်နေမိသည်။ သူက ရုတ်တရက်ကြီး အထီးကျန်နေသလိုတောင် ခံစားနေရလေသည်။ တကယ်တော့ သူ့ဘဝတစ်လျှောက်လုံးမှာ အမြဲ တစ်ယောက်တည်းပဲ ဖြစ်ခဲ့ပေမယ့် ဒီလပိုင်းတွေမှာတော့ ငတုံးလေးတစ်ယောက်က နေ့တိုင်း သူ့နောက်လိုက်ပြီး သူ့အခန်းမှာ အတူနေခဲ့ခြင်းကို ခံခဲ့ရလေသည်။ ဒီနေ့ကျတော့ ထိုကလေးက ပျောက်သွားတာကြောင့် သူက အရမ်းတိတ်ဆိတ်သလို ခံစားနေရတော့သည်။ သူ ဘာပဲလုပ်ခဲ့ခဲ့ သူက လုပ်ချင်စိတ်ရှိမနေပေ။ သူ ဘာမှ မပြောပြန်ရင်လည်း သူက ပျင်းလာသေးသည်။ သူက တကယ်ကို ရူးနေပြီလို့တောင် ထင်နေရသည်။

သူက Charlie ဘယ်ကို ထွက်သွားလဲ မသိခဲ့ရပေ။ ကောင်လေးက သူ့ကို အလုပ်ကိစ္စကြောင့် တစ်နေ့လုံး သွားရမယ်လို့ အိပ်ရာမဝင်ခင် ပြောခဲ့တာက လွဲရင် ဘာမှ မပြောခဲ့ပေ။ တစ်နေ့လုံးဆိုကတည်းက နောက်ကျမှ ပြီးနိုင်မှာလို့ ပြောချင်တာကို သိလိုက်တာကြောင့် Babeက သူ့ဘာသာသူ အိပ်နေခဲ့ခြင်း ဖြစ်လေသည်။ သူ ဒါကို ပထမကြားလိုက်တုန်းကတော့ ဘာမှ မခံစားခဲ့ရပေ။ သူက ပုံမှန်လူတစ်ယောက်မှာ ဖြေရှင်းရမယ့် ပြဿနာတွေ ရှိတယ်ဆိုတာ မထူးဆန်းဘူးလို့ တွေးခဲ့မိသည်။ သူ တစ်နေ့လုံး မနေနိုင်တာက ပြဿနာကြီးမှ မဟုတ်တာ။ သူဆိုလည်း လုပ်စရာတွေ များတာပဲလေ။

PitBabe ( မြန်မာဘာသာပြန် စဆုံး)Where stories live. Discover now