"ရေအများကြီး ထည့်ချင်လား?"
"ဘယ်လောက်တောင် ထည့်မှာမလို့တုန်း?!"
Babeက စိတ်ရှုပ်နေပြီး ဖြစ်တဲ့ အမူအယာနဲ့ ပြန်ဖြေလိုက်မိတယ်။ ဘာကြောင့်ဆို ဒီငတုံးလေးက သူ့ကို အကုန်လုံး လိုက်မေးနေတာကြောင့်ပင်။ အသင့်စား ခေါက်ဆွဲလေး ပြုတ်နေတဲ့အချိန်မှာတောင်မှ သူ့ကို ဟင်းရည် ဘယ်လောက်နဲ့ လိုချင်လည်း မေးနေရသေးသည်။ အကယ်၍ သူဘာသူ လုပ်ဖို့ အခက်တွေ့မနေဘူးဆိုလျှင် Babeက ချက်ချင်း ထပြီး ပြေးရိုက်လိုက်ပြီ ဖြစ်လေသည်။ ဘယ်သူ သိနိုင်မလဲ၊ အရိုက်ခံလိုက်ရရင် ရှိနေတဲ့ ဦးနှောက်က ပိုကောင်းကောင်း အလုပ်လုပ်လာနိုင်လောက်မှာပေါ့။ ဒါဆို တစ်နေ့လုံး တစ်ညလုံး Babeကို ဆက်တိုက် ခေါ်နေစရာ မလိုလောက်တော့ဘူး။
သူ့နောက်ဆုံး ပြိုင်ပွဲကတည်းက သူ့ မတော်တဆမှု့ ဖြစ်ခဲ့တာ တစ်ပတ်ကြာသွားပြီ ဖြစ်လေသည်။ တကယ်တော့ ဒါမျိုး ဖြစ်ခဲ့ဖူးတာ ပထမဆုံး အကြိမ်မျိုးတော့လည်း မဟုတ်ပေ။ ပြေးလမ်းပေါ်က အမှားတွေက ပြိုင်ကားမောင်းတဲ့ သူတွေအတွက် ဖြစ်နေကျပဲ ဖြစ်ကာ Charlieကြောက်နေသလိုမျိုး ကားထဲမှာတင် မီးကင်ခံရမယ့် အခြေအနေမျိုးကနေ လွတ်ထွက်အောင် လုပ်ဖို့ အတွေ့အကြုံ အလုံအလောက် ရှိလေသည်။ ဒါပေမယ့် တကယ်က အဲ့ဒီတုန်းက သူက ပေကပ်ပြီး ဆက်မောင်းနေတာကြောင့်သာ ဒီလောက် ထိခိုက်မှု့ ဖြစ်သွားခဲ့ခြင်း ဖြစ်လေသည်။ သူ့ညာလက်က ကျိုးသွားပြီး သူ့ညာဒူးကလည်း အဆစ်လွဲသွားခဲ့တာကြောင့် တော်တော်လေး ပြဿနာကြီးသွားတယ်လို့တောင် စဉ်းစားလို့ ရလေသည်။ ကုသမှု့ပြီးတဲ့အခါမှာတော့ သူ ပျောက်ဖို့တင် လေးပတ်ကနေ ခြောက်ပတ်အထိ လိုပြီး လက်ရော ဒူးမှာပါ ကျောက်ပတ်တီးကြီး ဝတ်ထားရတော့သည်။ ဆိုလိုချင်တာက သူက နှစ်လလောက်အထိ ကားမောင်းလို့ မရနိုင်တော့ဘူးပင် ဖြစ်လေသည်။
ဒီအချက်က သူ့ကို အရမ်းစိတ်ဆိုးစေလေသည်။ ဘာလို့ဆို နှစ်လအတွင်း အားဖြည့်နေရမည်ဖြစ်ကာ ဒီရာသီရဲ့ ကျန်တဲ့ ပွဲတွေအကုန် သူက ဝင်ပြိုင်လို့ မရတော့ပေ။ ဒါကိုကြားကြားချင်းတုန်းက Babeက အကြီးအကျယ်ကို ပေါက်ကွဲခဲ့သေးသည်။ ပြောရလျှင်တော့ ဒီကားပြိုင်မောင်းသူလေးရဲ့ ဒေါသအကုန်လုံးကို Way နဲ့ Charlieနှစ်ယောက် အတော်ကို ခံလိုက်ရတယ်လို့တောင် ပြောလို့ ရလေသည်။ Wayက ဒီအခြေအနေကို မြင်တာနဲ့ ပြိုင်ကွင်းဆီက ပွဲစီစဉ်သူတွေကို ပြောကာ အခု ပြိုင်ပွဲကို ဖျက်သိမ်းပေးဖို့ ပြောခဲ့လေသည်။ ဘာလို့ဆို ကားရဲ့ စနစ်ကို ချိုးဖျက်ဖို့ ကြိုးစားခဲ့တဲ့ လူကို ရှာဖွေပြီး တရားခံကို ဖော်ထုတ်နိုင်ဖို့ပင်။ ဒါပေမယ့် နောက်ဆုံး ရလဒ်အရတော့ ပွဲစီစဉ်သူတွေဖက်က ဒါကို ငြင်းပယ်ခဲ့ပြီး ကားတစ်စီးထဲရဲ့ ပြဿနာကြောင့်နဲ့ ပွဲကို နှစ်လလုံး ရပ်ဖို့ဆိုတာက များလွန်းတယ်လို့ ယူဆလိုက်တာကြောင့်ပင် ဖြစ်လေသည်။ ဒါလေးဆိုတာက သူ့ကို အသက်ရှင်တယ်ဆိုရုံလေးဖြစ်စေကာ ထိန်းမရသိမ်းမရဖြစ်စေပြီး ပြေးလမ်းတောင် ထပ်ပြီး အဖျက်ဆီးခံလိုက်ရခြင်း ဖြစ်လေသည်။
YOU ARE READING
PitBabe ( မြန်မာဘာသာပြန် စဆုံး)
FantasyI do not own this story. All copyright of this novel goes to the original author 🖋️alittlebixth🖋️. This translation isn't used for any commercial purposes. If the author directly requested, the translation will be taken down. ပြိုင်ကားမောင်းသူတစ်ဦ...