အပိုင်း ၂၃

1.9K 89 8
                                    

"အဲ့တော့ မင်းမှာ ဘာအစွမ်းမှ မရှိတော့ဘူးပေါ့?"

ဒီမေးခွန်းအတွက် အဖြေအနေနဲ့ ရလိုက်တဲ့ Charlieဆီက ခေါင်းတစ်ချက် ညိမ့်ပြတဲ့ အပြုအမူက Babeကို အနည်းငယ် နောက်ကို တွန့်ဆုတ်သွားစေတယ်။ သူ သိခဲ့သလောက် Charlieနဲ့ ပတ်သက်တဲ့ Tonyရဲ့ အဓိက ရည်ရွယ်ချက်က ဒီကောင်လေးရဲ့ ကလေးတစ်ယောက်ကို မွေးပြီး တတ်နိုင်သမျှ စွမ်းရည်တွေကို စုဆောင်း အဲ့လိုကနေမှ Tonyက Charlieရဲ့ ပြီးပြည့်စုံတဲ့ စွမ်းအားတွေ ရှိတဲ့ အမွေဆက်ခံသူတစ်ယောက်ကို ဖန်တီးပြီး အဲ့ကလေးကနေ တဆင့် စွမ်းအားတွေကို အသုံးချဖို့ လုပ်ထားတာ ဖြစ်တယ်။

Charlieက Babeအစွမ်းကို တောင့်ခံပြီး ယူထားခဲ့ပေမယ့် သူက တစ်ချိန်လုံး နောင်တ ရနေမိတာ ဖြစ်တယ်။ အဆုံးသတ်မှာတော့ လူငယ်လေးက ဒီအစွမ်းကို ဖြတ်တောက်ပစ်လိုက်ဖို့ သဘောတူခဲ့ပြီး ဒီဆုံးဖြတ်ချက်က နဂို စွမ်းအားပိုင်ရှင်အတွက် မမျှတမှန်း သိနေတာတောင်မှပေါ့။ ဒီကလေးက Babeကို ကူညီဖို့အတွက်လေးနဲ့ သူ့ကိုယ်သူ သိပ်တကိုယ်ကောင်းဆန်တဲ့ လူနေရာကို ယူလိုက်ဖို့ ဝန်လေးနေခြင်း လုံးဝ ရှိမနေဘူး။

ဒါကို မြင်လိုက်တော့ Babeက ဘာကြောင့် Tonyကို ဖျက်ဆီးဖို့ လုပ်နေတဲ့ သူ အကြံတွေအကြောင်း ဒီလောက် အသံကျယ်ပြနေတာ အံ့သြစရာ မရှိတော့ဘူး။

"Babeအစွမ်းတွေလည်း အပါပဲလား?" Peteက မျက်ခုံးပင့်ပြီး မေးလိုက်တယ်။ ဒါကိုလည်း Charlie က ခေါင်းတစ်ချက် ငြိမ့်ပြီးပဲ ပြန်ဖြေတယ်။

"ဟုတ်"

"မင်းအစွမ်းတွေရော?"

"ဟုတ်"

"အဲ့တာကိုတောင် ဒီကို တစ်ယောက်တည်း ဒီလို လာရဲသေးတယ်ပေါ့?" အကိုကြီးက ထပ် ထပ်မေးကြည့်ရင်း ဒီဒုတိယ အချစ်ခံရဆုံး သားလေးရဲ့ သတ္တိအပေါ် တော်တော်လေး အံ့အားသင့်လာမိတယ်။ (ဒုတိယက သေချာပေါက်ကို သူက ပထမနေရာ ဖြစ်နေလို့လေ)

"မဟုတ်ပါဘူး!" ဒီတစ်ခေါက်တော့ စကားလုံး များများနဲ့ ပြန်ဖြေလာပြီ။ ပြီးတော့ သူ့လက်ကို ကိုင်ပြီး ကိုင်ညှစ်လာသေးတယ်။ သူ စကားပြောလာတာနဲ့အမျှ သူ့လက်ကို ဆုပ်ကိုင်ထားတဲ့ လက်ဖဝါးက တင်းကျပ်လာနေသေးပေမယ့် သူကတော့ ထိုင်နေပြီး သူ့ပုခုံးပေါ်မှာ မှီနေသေးတုန်း ဖြစ်တယ်။ ကောင်လေးက ထိန်းချုပ်ခန်းထဲကို ဖျက်ပြီး ဝင်လာခဲ့တာ ဖြစ်တယ်။

PitBabe ( မြန်မာဘာသာပြန် စဆုံး)Where stories live. Discover now