အပိုင်း ၁၂

4.5K 140 83
                                    

သူ့ရဲ့ Statusပြောင်းလဲပြီးသွားချိန်မှာတော့ အရင်က လုံးလဝီရိယအပြည့်နဲ့ ကောင်လေးက အခုအချိန်မှာ ပိုလို့တောင် ဝီရိယကောင်းလာသေးတယ်။ အရင်တုန်းက အသင်းအဖွဲ့တောင် မရှိခဲ့တဲ့ ဂျူနီယာ အားကစားသမားလေး Charlieက အခုတော့ Xအသင်းမှာ အမွှေးအတောင်အပြည့်နဲ့ ကားပြိုင်သမားလေးအဖြစ် ကြီးပြင်းလာပြီ ဖြစ်လေသည်။

အခုထိ မီဒီယာကို တရားဝင် မကြေညာရသေးပေမယ့် အချိန်ကြာကြီးအထိ အသင်းဝင်အသစ်တွေကို မမိတ်ဆက်တာ ကြာပြီ ဖြစ်တဲ့နောက်မှာတော့ နံပါတ်တစ် အသင်းရဲ့ ကားပြိုင်မောင်းသမား အသစ်ကလေးကို ပရိတ်သတ်တွေ သိရဖို့ သိပ်မကြာတော့ဘူးလို့ ပြောနိုင်လေသည်။

စာမေးပွဲအောင်ပြီးကတည်းက Charlieတစ်ယောက် ပြိုင်ကွင်းကို လာပြီး ကားမောင်းမကျင့်တဲ့ နေ့ဆိုတာ တစ်ရက်ကလေးတောင် မရှိခဲ့ပေ။ ကားမောင်းသူ အသစ်လေးက နာရီနဲ့တောင် မှတ်တမ်းတင်ပြီး နေ့တိုင်း အပတ်တိုင်းကို သေချာ မောင်းဖို့ လုပ်နေပြီး သူ့ရဲ ထရိန်နာကတောင် သူ့ကို အလုပ်ပိုကြိုးစားဖို့ လိုလား မလိုဘူးလား ပြောပေးလာဖို့ မလိုအပ်ခဲ့ပေ။ Babeအတွက် ကားမောင်းတာက ဘဝကြီးဖြစ်ကာ ကားမောင်းခြင်းက သူ မပျင်းပဲ လုပ်နိုင်တဲ့ တစ်ခုတည်းသော (လိင်ဆက်ဆံတာအပြင်) လှုပ်ရှားမှု့ ဖြစ်နေခဲ့လေသည်။

ဘယ်လိုပဲဖြစ်ဖြစ် မနက်ခင်းမှာ ထပြီး မောင်းရတာမျိုးကကျ သူ့လို ကွင်းထဲမှာ နှစ်အကြာကြီး ကျင်လည်လာတဲ့ ကားမောင်းသူ အတွက်တောင် ခက်ခဲလွန်းလေသည်။

သူက ကြိုးစားနေတဲ့ ကောင်လေးကို တစ်ယောက်တည်း လေ့ကျင့်ဖို့ ပြောတဲ့အခါမှာ ထပ်ပြီး စိတ်ဆိုးအောင် လုပ်မိသွားမှာ ကြောက်နေရတယ်။ (ဒါပေမယ့် Pit Babeလိုလူက ဘယ်တော့မှ ညှိနှိုင်းပေးမှာ မဟုတ်ဘူး) သူပြောသလိုပဲ Charlie က အခုဆိုရင် အလိုလိုက်ခံရပြီး စိတ်ဆိုးလွယ်တဲ့ အကျင့်နဲ့ စတင်ပြီး နေသားကျနေပြီ ဖြစ်လေသည်။ သူက ဒီအကျင့်ကို ဘယ်က စ ရသွားသလဲဆိုတာတောင် မသိတော့ဘူး။ တစ်ခါတစ်လေတော့ ဒါက ကောင်းတယ်လို့ တွေးမိပါသေးတယ်။ ဘာလို့ဆို သူက သူလိုချင်တာ မရတော့ရင် ပြန်ငြင်းခုန်ပြောမယ့်အစား ကြမ်းပြင်ထက် ပစ်ထိုင်ချပြီး နားရွက်လေးတွေ ကုပ်သွားသလိုပဲ လုပ်ပြလာတတ်တော့တယ်။

PitBabe ( မြန်မာဘာသာပြန် စဆုံး)Where stories live. Discover now