အပိုင်း ၂၅ (ဇာတ်သိမ်း)

3.8K 96 8
                                    

နာရီအတော်လေးအထိ ကြာသွားတဲ့ စိတ်အားထက်သန်လွန်းတဲ့ လုပ်ဆောင်မှု့တွေ အပြီးမှာတော့ Babeက သူ့ကျောပြင်ကို အိပ်ရာကျယ်ကြီးထက် လှဲချလိုက်တယ်။ သူက လုံးဝကို မောဟိုက်နေပြီ။ သူ့ကိုယ်က ဗလာဖြစ်နေပေမယ့် နည်းနည်းလေးတောင် ရှက်စရာကောင်းမနေဘူး။ လောလောဆယ်မှာတော့ သူက သူတော်တဲ့ ဖဲကစားတာကိုကော၊ ချစ်ခြင်းတရားတွေကို ဖန်တီးတာကိုကော စသဖြင့် အများကြီး ကစားထားမိတော့ ဘာမှကို မလုပ်ချင်တော့ဘူး။ Babeက ဒီလုပ်ဆောင်မှု့တွေက အရင်ကထက် ပိုပြင်းထန်ပြီး အရိုင်းဆန်လာတယ်လို့ ခံစားနေရတယ်။ ပြီးတော့ သူက Charlieထွက်သွားကတည်းက ဒါကို မလုပ်ရသေးဘူး။ သူက Charlieလို ကလေးတစ်ယောက် ဒီလို ပြင်းထန်တဲ့ sexကိစ္စတွေကို လုပ်နိုင်လိမ့်မယ်လို့လည်း မယုံထားခဲ့ဘူး။

"Charlie...."

Babeက Charlieတစ်ယောက် သူ့လက်မောင်းကြားကနေ အချိန်အတော်ကြာလေး ကွာဝေးနေပြီလို့ ခံစားလိုက်ရလို့ ချက်ချင်းပဲ ဒီကလေးကို ခေါ်လိုက်တယ်။ သူတို့ sexလုပ်ပြီးထားတာတောင် သူ့ကို စိတ်သက်သာစေဖို့ ဖက်တွယ်ပေးထားမယ့်အစား ဒီကောင်လေးက ရေဆာတယ်လို့ ပြောပြီး ရေသောက်ဖို့ ချက်ချင်း အောက်ကို ဆင်းသွားတော့တာပဲ။ တကယ်ကို အလိုလိုက်ခံရလွန်းနေပြီ။

"ဗျာာာ?"

Charlieက ဒီနေရာမှာ ရှိနေသေးတုန်းဆိုတာကို သူက တိုးတိုးတိတ်တိတ်လေး သိနေတာတောင် သူ့ချစ်သူကောင်လေးရဲ့ ရယ်ဖို့ကောင်းတဲ့ တုန့်ပြန်မှု့ကို ကြားတဲ့အချိန်မှာတော့ Babeက အလိုအလျောက်ပဲ ပြုံးလိုက်မိတယ်။

Charlieက အိပ်ခန်းဘက်ကို energy drinkဘူးကို ယူကာ ပုံမှန်လိုပဲ မော့သောက်ရင်း အိပ်ခန်းထဲကို ပြန်လမ်းလျှောက်လာတယ်။ ဒါပေမယ့် Babe မျက်လုံးထဲမှာတော့ ဒါက အရမ်း sexyကျနေတယ်။ ဖြစ်နိုင်တာကတော့ Charlieက အခုထိ အပေါ်ပိုင်းဗလာနဲ့ sweatpantsကိုပဲ ဝတ်ထားလို့ ဖြစ်လိမ့်မယ်။

ဒီကောင်လေးက အရင်ထက်ပိုပြီး ဆွဲဆောင်မှု့ရှိလွန်းအောင်အထိ ကြီးထွားလာတာကြီး မဖြစ်နိုင်ဘူးလား?

"ပင်ပန်းနေပြီလား?"

"မပင်ပန်းသေးပါဘူး..." Babeက Charlie လှုပ်ရှားမှု့တွေနောက် လိုက်နေရင်း တိုးတိုးလေး ပြန်ဖြေလာတယ်။ သူ့ကို ကြည့်နေရတာနဲ့တင်ကို Babeကို ပျော်နေစေတော့တာပဲ။

PitBabe ( မြန်မာဘာသာပြန် စဆုံး)Where stories live. Discover now