အပိုင်း ၁၉

2.8K 107 32
                                    

ငြိမ်းချမ်းမှု့ဆိုတာမျိုးက လူတိုင်း ဆန္ဒရှိကြတဲ့ ဒြပ်မဲ့အရာတစ်ခုပဲ။ လိုချင်ကြတဲ့ ပုံစံတွေသာ ကွဲပြားသွားကြတာမျိုးပေါ့။

ဘာကြောင့်ဆို တစ်ခါတစ်လေ ငြိမ်းချမ်းမှု့ဆိုတာမျိုးက အထီးကျန်ခြင်းရဲ့ နာကျင်မှု့တွေနဲ့ ပြည့်နှက်နေနိုင်ပြီး ထပ်ပြီး ဖြစ်မလာနိုင်တော့မယ့် အရာတွေ အပေါ် ပြန်လည်တမ်းတနေမိတာမျိုးလည်း ဖြစ်နိုင်တာကြောင့်ပဲ ဖြစ်တယ်။

သူ့ မွေးလာချိန်က စလို့ အသက် သုံးဆယ့်တစ်နှစ်ဆိုတဲ့ အချိန်အတွင်းမှာ Charlieက နာရေးဆိုတဲ့ ပွဲကို တစ်ခါလေးမှ တက်ဖို့ မလိုခဲ့ဘူး။ ဘာကြောင့်ဆို သူက ဆွေမရှိ မျိုးမရှိဖြစ်တာကြောင့်ပဲ။ အဲ့တာကြောင့်ပဲ ဒီလို နာရေးမှာ လွမ်းမောမှု့ကို ဖော်ပြဖို့ လူဘယ်ယောက်လောက် လာမှ သင့်လျှော်တယ်ဆိုတာမျိုးကိုလည်း သူက နားမလည်နေတာကြောင့် သေချာမနေဘူး။ Babeအတွေးအရတော့ နာရေးဆိုတာမျိုးက ဆူညံပွက်ကလောရိုက်နေအောင်အထိ လူမများနေသင့်သလို လူတစ်ယောက်ကို အထီးကျန်စေလောက်အောင်အထိလည်း လူနည်းမနေသင့်ဘူး။ ဒါပေမယ့် အခေါင်းထဲ ရောက်နေပြီးသား လူကတော့ သူ့နာရေးအကြောင်း ခံစားရတာမျိုး ရှိနေမလားဆိုတာကိုကျ ဘယ်သူက သိနိုင်မှာလဲ?

Charlieရဲ့ နာရေးကို လူ ရှစ်ယောက် လာခဲ့တယ်။ Babeအပါအဝင် Jeff, Alan, North, Sonic, Jay, Dean နဲ့ Yoshi။ လူငယ်လေး ရှစ်ယောက် အနက်ရောင် ဝတ်ဆုံပြည့်ကို သေသေသပ်သပ်ဝတ်ထားပြီး Charlieဆိုတဲ့ စကားလုံးကိုသာ ထွင်းထားတဲ့ အုတ်ဂူဖြူဖြူလေးနားမှာ ဝန်းရံကာ ရပ်နေကြတယ်။ Charlieဆိုပြီး စကားလုံးတစ်လုံးသာ ဖြစ်နေရတဲ့ အကြောင်းကတော့ ဒါက သူတို့ သိတာ အကုန်ဖြစ်နေတာကြောင့်ပဲ။ သူတို့ သိတဲ့ Charlieက မျိုးရိုးနာမည် မရှိသလို မွေးနေ့ဆိုတာမျိုးလည်း မရှိခဲ့ဘူး။ သူတို့ သိတာက ဒီကောင်လေး နှစ့်ဆယ်နှစ်နှစ်ဆိုတာလေးပဲ။ ဒီအချက်ကလေးတောင် မှန်လား မှားလား အတည်ပြုထားခြင်းလည်း ရှိမနေဘူး။ ဘဝတစ်လျှောက်လုံး အတူရှိနေခဲ့တဲ့ Jeffကတောင် ဘယ်သူကမှ Charlie မွေးနေ့ အတိအကျကို မသိဘူးလို့ ပြောလာခဲ့တယ်။ Charlieကိုယ်တိုင်တောင်မှ မမှတ်မိခဲ့ဘူးတဲ့။

PitBabe ( မြန်မာဘာသာပြန် စဆုံး)Where stories live. Discover now