အပိုင်း ၇

5.1K 122 121
                                    

မှတ်ချက်။ ။ အယ်လ်ဖာ၊ ဘီတာ၊ အိုမဲဂါတွေက ဝံပုလွေ အုပ်စုတွေမှာ ‌တွေ့ရတတ်တဲ့ ကြီးစဉ်ငယ်လိုက် အာဏာရှိမှု့ ပုံစံမျိုးပါ။ အယ်လ်ဖာ နဲ့ အိုမဲဂါတွေက အနံတစ်မျိုးစီ ရှိကျပြီး တစ်ဦးနဲ့ တစ်ဦး သိနိုင်ပါတယ်။ အယ်လ်ဖာအနံ့အမျိုးအစားက ပြင်းထန်ပြီး အိုမဲဂါက အများစုက မွှေးပျံ့တဲ့ အနံ့သင်းသင်းလေးတွေ ရှိပါတယ်။ ဝံပုလွေက ဆင်းသက်လာတာပဲ ဖြစ်တာကြောင့် မိတ်လိုက်ရာသီ သက်သက်ရှိပြီး အဲလ်ဖာတွေရဲ့ ဟာကို rutလို့ သုံးနှုန်းပြီး အိုမဲဂါတွေကတော့ heatဖြစ်တာလို့ပဲ သုံးနှုန်းပါတယ်။ နှစ်ဦးသား အဲ့လို အချိန်မှာ အတူနေပြီး အမှတ်အသားအဖြစ် လည်ပင်းတစ်ဝိုက် အနံ့ထွက်တဲ့ နေရာကို ကိုက်လိုက်ရင် တစ်သက်လုံး အတူနေရပါတယ်။ အဲ့အချိန်မှာ လုပ်ရင် ကိုယ်ဝန်ရနိုင်ပါတယ်။ဘီတာကတော့ ဘာအနံ့မှ မရ၊ အနံ့ရဲ့ သက်ရောက်မှု့ကို မခံစားရတဲ့ ကျွန်တော်တို့လို ပုံမှန် လူအမျိုးအစားထဲမှာပဲ ပါပါတယ်။

"ဘာလုပ်နေတာလဲ?"

"အလုပ်"

Babeက မနက်အစောထ ကွန်ပျူတာရှေ့ထိုင်ပြီး အလုပ်ကြိုးစားနေတဲ့ ကောင်လေးကို ကြည့်ပြီး စိတ်ရှုပ်တဲ့ပုံနဲ့ နှုတ်ခမ်းကို စေ့ထားလေသည်။ Charlieကတော့ အခုပဲ အိပ်ခန်းထဲက ထွက်လာတဲ့ သူ့ကို လှည့်တောင် မကြည့်အားဘဲ ကွန်ပျူတာစခရင်ကိုသာ အသည်းအသန် စိုက်ကြည့်နေပြီး ပါးစပ်လေးသာ ရွေ့ပြီး ပြန်ဖြေအားလေသည်။

"ထပ်ပြီး အလုပ်ပဲလား?" Babeက မတ်တပ်ရပ်ပြီး Charlieအနောက်ကနေ စိတ်ဝင်တစားနဲ့ ကြည့်လိုက်တယ်။ သူက အခု Charlieသုံးနေတဲ့ ပရိုဂရမ်နာမည်ကိုတောင် မသိဘူး။ ဒါပေမယ့် သူ စခရင်ပေါ်မှာ မြင်ရတာကတော့ သူ့အထင် ဒီကလေးက ထပ်ပြီး ပိုစတာ ဒီဇိုင်းတွေ လုပ်နေပုံရလေသည်။

"ကျွန်တော် အခုထိ မပြီးသေးဘူး..." Charlieက ရယ်ပြီး မောက်စ်ကို တစ်ချက်ချက်နဲ့ နှိပ်ကာ အနက်ရောင် ဘောင်ကို ဆွဲပြီး ပိုစတာထက် အနားကွပ်လိုက်လေသည်။ Babeလို အနုပညာမျက်စိမရှိတဲ့ သူအတွက်တောင် ဒီဘောင်က ပုံကို ပိုပြီး မိုက်ပြီး စတိုင်လန်းသွားစေတယ်လို့ ထင်မိသည်။

"ရ ထားတဲ့ အချိန်က များပါတယ်။ ဒါပေမယ့် မြန်မြန်ပဲ ပြီးအောင် အရင်လုပ်လိုက်ချင်လို့"

PitBabe ( မြန်မာဘာသာပြန် စဆုံး)Where stories live. Discover now