အပိုင်း ၂၂

2.1K 105 12
                                    

အနည်းငယ် မူးဝေနေတာတွေကတော့ ကျန်နေသေးတုန်းပဲ။သူက နာရီ တော်တော်များများလောက် အိပ်ခဲ့တာတောင် သူ အိပ်နေခဲ့တဲ့ သူ့ရဲ့ အိပ်ခန်းအသစ်ရဲ့ ပုံရိပ်က အနည်းငယ် ဝေဝါးနေသေးတုန်းပဲ ဖြစ်နေတယ်။ သူက မျက်လုံးကို ဖြည်းဖြည်းချင်း မျက်တောင် ခတ်လိုက်ပြီး နေသားကျအောင် အတော်လေး အချိန်ယူလိုက်ရတယ်။ ဒီမှောင်မိုက်မှု့ကြီးထဲမှာ အတော်ကြာအောင် ပိတ်မိနေပြီးတဲ့‌ နောက်မှာပေ့ါ။

"အဆင်ပြေရဲ့လား?"

ဒါက သူကြားလိုက်ရတဲ့ ပထမဆုံး အသံပဲ ဖြစ်တယ်။ Jeffအသံက မကျယ်လည်း မကျယ်သလို တိုးလည်း မတိုးနေဘူး။ အိုမဲဂါလေးက အခန်းထောင့်က ဆိုဖာပေါ်မှာ ထိုင်ပြီး စာအုပ်တစ်အုပ်ကို ကိုင်နေကာ ကြည့်ရတာ သူ့အိပ်နေတုန်း ဖတ်နေခဲ့ပုံ ရတယ်။ Charlie နိုးလာတာကို မြင်လိုက်ရတော့ Jeffက သူ့နောက်ဆုံးဖတ်ခဲ့တဲ့ နေရာကို သေချာ အမှတ်အသားလုပ်လိုက်ပြီး ဆိုဖာပေါ်မှာ တင်လိုက်ကာ သူ့ဆီကို လမ်းလျှောက်လာတယ်။

"ငါ့လည်ချောင်းတွေတော့ နာနေတယ်...."

Charlieက အသံသြသြနဲ့ ပြန်ဖြေပြီး သူ့ကိုယ်သူ နေရာတကျ ဖြစ်အောင် ပြင်ထိုင်လိုက်တယ်။ တစ်ဖက်မှာတော့ Jeffက ဦးလေး Revalပြင်ပေးထားတဲ့ လက်ဖက်ရည်ကို ခွက်သေးသေးလေးထဲကို လောင်းထည့်ပေးလိုက်ပြီး သူ့အကို့ဆီကို လှမ်းပေးလိုက်တယ်။

"အကို နိုးနိုးချင်း ဒီလက်ဖက်ရည်ကို သောက်ဖို့ ဦးလေးက မှာထားတယ်"

"ငါ ဘယ်နှစ်နာရီတောင် အိပ်ပျော်သွားလဲ?"

"သုံးနာရီတော့ ကျော်လိမ့်မယ်"

"ငါ သုံးရက်လောက် အိပ်လိုက်သလိုကို ခံစားလိုက်ရတယ်" လူငယ်လေးက လက်ဖက်ရည်ကို သောက်ရင်း ပြောလိုက်တယ်။

အနည်းငယ် ချိုအီတဲ့ အနံ့လေးက သူ့ကို ခံစားရတာတွေ အနည်းငယ် ပိုကောင်းသွားစေတယ်။ ဒါပေမယ့် ဒီပင်ပန်းမှု့ကြီးက သူ့ကို နည်းနည်းလောက် မလှုပ်ချင်သလို ခံစားနေရစေတုန်း ဖြစ်နေတယ်။

"ပုံမှန်ပါပဲ။ ဦးလေး ပြောတာတော့ စွမ်းအင်တစ်ခုတည်းကို ဆရာကျအောင် လုပ်ရတာနဲ့တင် အတော်လေး ပင်ပန်းနေပြီ။ အကိုက ဒါကို တစ်ပတ်လုံး ဆက်တိုက် လုပ်နေခဲ့တာကြီးကို။ သုံးနာရီလောက် အိပ်မိတာက နည်းနည်းလေးပါပဲ"

PitBabe ( မြန်မာဘာသာပြန် စဆုံး)Where stories live. Discover now