အော်တိုမက်တစ်တံခါးကြီးဟာ ဇိမ်ခံကား အနက်ရောင် Aston Martin လေးကို အိမ်အတွင်းသို့ ကြိုဆိုဖို့ ပွင့်လာခဲ့လေသည်။ တစ်ဖက်မှာတော့ အိမ်ကြီးရှင်ကြီးဟာ အကောင်ကြီးကြီး Great Daneတစ်ကောင် နဲ့ ပျော်ရွှင်စရာ အချိန်လေးတွေကို ဖြတ်သန်းနေတော့လေသည်။ ပြီးတော့ ဝင်လာတဲ့ ဇိမ်ခံကားကိုလည်း ရင်းနီးစွာနဲ့ ကြည့်နေသေးလေသည်။ ပြောစရာကို မလိုအောင် သူက ဘယ်သူလာသလဲ ဆိုတာကို သိနေပြီးသား ဖြစ်လေသည်။
"Bobo!"
ဇိမ်ခံကား ကားပိုင်ရှင်လေးက ကားထဲကနေ ထွက်လာတာနဲ့ ချက်ချင်းပဲ သူ့ရဲ့ ခွေးနာမည်ကို ခေါ်လာခဲ့လေသည်။ တီရှင်ပြောင်၊ ဂျင်းဘောင်းဘီ၊ ဘွတ်ဖိနပ်၊ နေကာမျက်မှန်တွေက Babeရဲ့ အမှတ်အသားတွေလို့တောင် ပြောလို့ ရနိုင်ကာ အဝေး မီတာ တစ်ရာလောက် အကွာကနေတောင် သူမှန်း မှတ်မိနိုင်သေးလေသည်။ ဒါပေါ့ သေချာပေါက်ကို သူ့ရဲ့ ရွှင်ပျပေမယ့် ရွံစရာကောင်းတဲ့ အကျင့်စရိုက်ကြောင့်လည်း ပါသေးတာပေါ့။
"မင်း ငါ့ခွေးကို မနှုတ်ဆက်ခင် ငါ့ကိုများ အရင် မနှုတ်ဆက်နိုင်ဘူးလား?" Alan က Babeတစ်ယောက် ရောက်ရောက်ချင်း အိမ်ပိုင်ရှင်ဘက်ကိုတောင် မျက်တောင်တစ်ချက် မခတ်ဘဲ သူ့ခွေးဆီပဲ ပြေးလာတဲ့အတွက် စိတ်ရှုပ်နေပုံ ရတယ်။ လူတွေများ အဲ့လိုလည်း တတ်နိုင်တာပဲလား?
"ဟိုင်း Bobo, ပါးပါး Babeကို လွမ်းနေလား? ပါးပါးကို လွမ်းနေတာလား, ဟမ်? အိုး, ပါးပါးလည်း လွမ်းတာပေါ့၊ အရမ်းလွမ်း" ဒါက သူပြောတာ အကုန်ပဲ။ ထိန်းမရ သိမ်းမရနဲ့ လူကတော့ ဆွံအနေတဲ့သလိုမျိုး ဟန်လုပ်ကာ အီကျိအီကျိအသံကြီးနဲ့ သူနဲ့ ဆိုဒ်တူလောက်ရှိတဲ့ အညိုရောင် Great Daneခွေးကြီးကို ဟိုပြောဒီပြောလုပ်နေပုံက မသိရင် Chihuahuaခွေးသေးသေးလေးတွေကို ပြောနေပုံနဲ့ပင် တူနေသေးသည်။
"အို့ ကလေးလေးက Lan Lan ကို စိတ်ညစ်နေတာလား? Lan Lan က အပြင်ကို ခေါ်မသွားဘူးပေါ့လေ? __အောင်း!"
သူ ပြောတာတောင် မပြီးသေးဘူး, Alanက ခြေထောက်ကို မြောက်ကာ စောက်ရူးပါးစပ်နဲ့ ကောင်လေးကို နောက်ပြန်လှဲအောင် အားနဲ့ ကန်ချလိုက်တယ်။
YOU ARE READING
PitBabe ( မြန်မာဘာသာပြန် စဆုံး)
FantasyI do not own this story. All copyright of this novel goes to the original author 🖋️alittlebixth🖋️. This translation isn't used for any commercial purposes. If the author directly requested, the translation will be taken down. ပြိုင်ကားမောင်းသူတစ်ဦ...