အပိုင်း ၂၀

2.9K 118 24
                                    

"အကို Babe ငိုနေသေးလား? တစ်ခုခုရော စားရဲ့လား?"

"Luk(ကောင်လေး/သားလေး) မင်းအနာတွေက မကျက်သေးဘူးလေ!" ဦးလေးက Charlieတစ်ယောက် အခုမှ ထနိုင်ရုံလေးရှိသေးတာဆိုတာကို ဘာမှ မတွေးဘဲ လှုပ်ရှားလိုက်တာကြောင့် ပြောလိုက်ရတယ်။

"အို့၊ ထိုင်စမ်းပါ၊ ဟိုဟိုဒီဒီ လျှောက်ရွေ့မနေနဲ့!" Jeffက သူ့အကို ဖြစ်သူကို စိတ်ရှုပ်နေတဲ့ မျက်လုံးနဲ့ကြည့်ကာ တိုးတိုး ပြောလိုက်မိတယ်။ အခုလေးတင် သေမလို ဖြစ်ခဲ့တာတောင် စိတ်လှုပ်ရှားနေတာ မရပ်သေးပဲ Babeကိုပဲ စိတ်ပူနေသေးတယ်။ ကိုယ့်အတွက် ကိုယ်ကျ နည်းနည်းလေးတောင် စိတ်ဝင်စားမနေဘူး။ သေချာပေါက် အရိုက်ခံသင့်နေပြီ။

"အကို Babe ဘယ်လိုနေသေးလဲ?" Charlieက သူလိုချင်တဲ့ အဖြေကို မရသေးတာကြောင့် ဒီမေးခွန်းကိုပဲ ထပ်တလဲလဲ မေးနေတော့တယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ နောက်ပြန်ဆုတ်သွားပြီး ထိုင်ခုံပေါ် ပြန်ထိုင်သွားတယ်။ ဘာကြောင့်ဆို သူ ခေါင်းမာနေတာ မရပ်ဘူးဆိုရင် တစ်ဖက်လူက သူ့ကို ပြန်မဖြေဘူးဆိုတာကို သိနေတာကြောင့်ပဲ ဖြစ်တယ်။

"သူ စားချင်စိတ် မရှိဘူးလို့ မင်း ငါ့ကို ပြောခဲ့တာဆိုတော့ ဒီနေ့ရော တစ်ခုခု စားရဲ့လား?"

"နာရေးပြီးတော့ ကွဲသွားတာဆိုတော့ ငါလည်း သိပ်မသေချာဘူး။ ဒါပေမယ့် မနေကတော့ သူ စားဖို့ ဖိအားပေးခံခဲ့ရတာတော့ သိတယ်" Jeffက Charlieထိုင်နေတဲ့ ဆိုဖာရှည်ဘေးက ဆိုဖာငယ်လေးထက် ဝင်ထိုင်ကာ ဖြေလာတယ်။

"ငိုနေတဲ့ အကြောင်း ပြောရရင်တော့ အခုထိ အငိုမရပ်သေးဘူး။ ငါလည်း ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး"

"ငါ ဒါကြီးကို မလုပ်ခဲ့သင့်ဘူး" Charlieက မတော်တဆမှု့ပြီးကတည်းက ဒါအပေါ် မရေတွက်နိုင်တော့တဲ့ အကြိမ်ရေမြှောက်အနေနဲ့ နောင်တရနေတဲ့ ပုံပေါ်နေတယ်။ ဖြစ်ပျက်သွားတဲ့အပေါ် Babe ဘယ်လောက် ခံစားနေရလဲ သူက နားလည်လာလာလေ လူဆိုးကြီးလို ကိုယ့်ကိုယ်ကို ခံစားနေရလေလေ ဖြစ်နေတော့တယ်။

"အကို Babe ဒါကို သည်းမခံနိုင်ပဲ အကြာကြီး သေချာပေါက် ငိုနေမယ် ဆိုတာ ငါ သိခဲ့ရမှာ"

PitBabe ( မြန်မာဘာသာပြန် စဆုံး)Where stories live. Discover now