အပိုင်း-၁၂၁ (သံလွင်လက်ဖက်ပွင့်ကိတ်မုန့်)
ဂိုဏ်းချုပ်ယန်းရဲ့အိမ်တော်ကနေ အပြင်ရောက်လာတော့ ချင်းရှ တောင်ထိပ်ပတ်လည်မှာဝန်းရံနေတဲ့ တိမ်တွေကို လှမ်းကြည့်လိုက်တယ်။ တခြားတောင်ထိပ်တွေမှာလဲ အဲ့လိုပဲ တိမ်တွေဝန်းရံနေတာကို တွေ့လိုက်ရတယ်။ အဲ့ရှုခင်းတွေကို မြင်ရတော့ ကိုယ့်ကိုကိုယ် နတ်သမီးပုံပြင်တွေထဲရောက်သွားသလိုတောင် ခံစားလိုက်ရတယ်။
ချင်းချန်က သူမဘေးကို ရောက်လာကာ "အဲ့တော့ မင်းက ဒီကို လျှပ်စီးမျိုးစေ့ကြောင့် ရောက်လာတာပေါ့? မင်း ဒီကို ရောက်နေမှတော့ ရက်ပိုင်းလောက် နေပြီး အနားယူလိုက်လေ"
"အခုလို စိတ်ပူပေးတာ ကျေးဇူးတင်ပါတယ်" ရှီယုက ပြန်ဖြေလိုက်တယ်။
"မင်းက ငါခေါ်လာတဲ့ ဧည့်သည်ဆိုမှတော့ ငါ့အိမ်မှာ လိုက်နေလိုက်လေ"
"အင်းအင်း"
ချင်းချန် သူနေတဲ့ အိမ်ကို ရှေ့ကနေလမ်းပြကာ ခေါ်လာလိုက်တယ်။ ၁၀ရက်လောက် ခရီးဆက်ခဲ့ရတာဆိုတော့ တော်တော်ပင်ပန်းနေပြီဖြစ်တာကြောင့် ခေါင်းအုံးနဲ့ခေါင်းထိလ်ုက်ရုံနဲ့ ချက်ချင်းအိပ်ပျော်သွားတယ်။
သူမ နိုးလာတော့ ညနေတောင်ရောက်နေပြီဖြစ်တယ်။ ကောင်းကင်ကြီးတစ်ခုလုံးက မည်းနှောင်နေကာ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေတာကြောင့် လောကကြီးထဲမှာ တစ်ယောက်တည်း ကျန်နေခဲ့သလိုမျိုး အထီးကျန်သွားတယ်။ သူမ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေရဲ့ စကားသံတွေလဲ မကြားရတော့တာကြောင့် အစွန့်ပစ်ခံလိုက်ရသလို ခံစားချက်မျိုးကြီး ခံစားလိုက်ရတယ်။ သူမ ဒီလိုခံစားချက်ကြီးကို အမုန်းဆုံးပဲ။
ရုတ်တရက် တံခါးခေါက်သံကို ကြားလိုက်ရကာ ရှီယုလဲ အတွေးနက်နေရာကနေ သတိပြန်ဝင်လာတယ်။ သူမ တံခါးသွားဖွင့်လ်ုက်တော့ တံခါးဝမှာရပ်နေတဲ့ ချင်းချန်ကို တွေ့လိုက်ရတယ်။
"အခုမှ နိုးတာလား? ဗိုက်မဆာဘူးလား" ချင်းချန်က မေးလိုက်တယ်။
ရှီယု အပြင်ဘက်ကို လှမ်းကြည့်လိုက်တော့ ကောင်းကင်က နည်းနည်းပါးပါးလင်းနေသေးတာကို တွေ့လိုက်ရတယ် "ညစာစားဖို့ လာခေါ်တာလား?''
YOU ARE READING
အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )
Actionဝတ္ထုအကျဉ်းချုပ်..... ၂၁ရာစုက စားဖိုမှူးတစ်ယောက် ဖြစ်တဲ့ ရှီယု တစ်နေ့မှာ လမ်းဖြတ်ကူးရင်းနဲ့ ကားတိုက်ခံရပြီးတော့ ထူးဆန်းတဲ့လောကကြီးကို ရောက်သွားကာ သူတောင်းစားတစ်ယောက်ဖြစ်လာခဲ့တယ်။ အံ့ဩစရာကောင်းတာတစ်ခုက ရှီယု အဲ့ဒီလောကကြီးကိုကောင်းကောင်းကြီး သိနေတာပ...