331 - 335

890 70 1
                                    

အပိုင်း၃၃၁

ထိုအချိန်မှာပဲ မလှမ်းမကမ်းကနေ 'သေပြီ'ဆိုတဲ့ အော်သံတစ်ခုကိုကြားလိုက်ရတာကြောင့် ပန်ဒါ၃ကောင်ကိုလိုက်စ,နေတဲ့ စုနျန်ရဲ့မျက်နှာအမူရာကပြောင်းလဲသွားကာ ထိုအသံရှိရာဆီကိုပြေးသွားလိုက်တယ်။

ရှီယုလဲ ကျင်းမင်ကိုလွှတ်လိုပြီးနောက် "ပေ့ပေ့ ကျင်းမင်ကို ဖမ်းထားလိုက်!" လို့အော်ပြီး စောစောကအသံရှင်ဆီကို ပြေးသွားလိုက်တယ်။

သူမတို့၂ယောက် ထိုနေရာကိုရောက်သွားချိန်မှာတော့ အလောင်းတစ်လောင်းကိုတွေ့လိုက်ရကာ ထိုအလောင်းဘေးမှာတော့ ဝတ်ရုံခြုံထားတဲ့ကလေးမလေးတစ်ယောက်ကိုတွေ့လိုက်ရတယ်။

စုနျန် အံ့ဩသွားကာ"ပြီးပြည့်စုံတဲ့ဝိညာဥ်လေးပါလား? သူ့ကိုသတ်လိူက်တာ မင်းလား?"

ရှီယုလဲ ထိုကလေးမလေးကိုမြင်တော့အံ့ဩသွားကာ "ရှောင်ယွမ်?" သူမ ရှောင်ယွမ်ရဲ့ကြည်လင်နေတဲ့မျက်လုံးတွေကို မြင်ရတော့ ထိုလူသေရတာရှောင်ယွမ့်ကြောင့်လို့မတွေးမိဘဲ "ဒီလူကို ဘယ်သူသတ်လိုက်တာလဲ?"

ရှီယုကို မြင်တော့ ရှောင်ယွမ်ကပြုံးပြလိုက်ကာ"သူ့ကို သတ်လိုက်တဲ့သူက ဝိညာဥ်နှုတ်အလံထဲမှာနေနေတဲ့ ဦးလေးတစ်ယောက်ပဲ အဲ့ဦးလေးက မကောင်းဘူး လူတွေအများကြီးသတ်ပြီးသူတို့ရဲ့ဝိညာဥ်ကိုဝါးမျိုပစ်တာ"

ရှီယု-"ဒါဆို အဲ့ဦးလေးက အခုဘယ်မှာလဲ?"

ရှောင်ယွမ်က တောအုပ်ဘက်ကို လက်ညှိုးထိုးပြလိုက်ကာ "အဲ့ထဲကိုဝင်သွားတယ်"

စုနျန် ချက်ချင်းပဲတောအုပ်ထဲကိုဝင်သွားလိုက်တယ်။ရှီယုလဲ သူမနောက်ကိုလိုက်မလို့ပြင်တုန်း ရှောင်ယွမ်က ရှီယုကိုတားလိုက်ကာ "မမ ညီမလေးနောက်ကိုလိုက်ခဲ့"

အဲ့နောက်သူမက ရှီယုလက်ကိုတွဲပြီး မြို့လယ်က တည်းခိုခန်းဆီကိုခေါ်သွားလိုက်ကာ "သူက ဒီတည်းခိုခန်းမှာ စောစောကတစ်ယောက်ကို လိမ်ပြောလိုက်တာ"

ရှီယု-"ကျေးဇူးပဲ! ညီမလေး ဒဏ်ရာရမှာစိုးလို့ ဒီမှာပဲနေခဲ့လိုက်တော့"

ရှီယု တည်းခိုခန်းထဲကိုရောက်တာနဲ့ အလံကိုတန်းတွေ့သွားတာကြောင့် လှမ်းဖမ်းထားလိုက်ကာ "နောက်ဆုံးတော့ မိပြီ!နင့်ကြောင့် ရှုကွမ်းမြို့က အပြစ်မရှိတဲ့လူတွေအများကြီးသေခဲ့ရတာ" အဲ့နောက်သူမ မီးဝိညာဥ်ကိုဆင့်ခေါ်လိုက်တယ်။

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now