အပိုင်း၄၆၁
တစ်ဖက်မှာတော့ ရွှမ်းယင်တစ်ယောက် ဝမ်းဟန်ရဲ့နောက်ခြေဆယ်လှမ်းအကွာလောက်မှာရပ်နေခဲ့ပြီး ဝမ်းဟန်ကသူမကိုကျောပေးနေခဲ့တယ်။
"ရှင် ကျမမျက်နှာကိုတောင်မကြည့်ချင်တော့ဘူးလား?"ရွှမ်းယင်ရဲ့မျက်နှာမှာအရိပ်ကျနေကာသေချာမမြင်ရပေမဲ့သူမရဲ့လက်တွေကတော့ ကျစ်ကျစ်ဆုပ်ထားခဲ့တယ်။
ဝမ်းဟန်က ငါးစာတွေကိုရေကန်ထဲပစ်လိုက်တော့ ရေမျက်နှာပြင်ကိုငါးတွေတက်လာတာကြောင့် ကြက်ခွပ်လှိုင်းလေးတွေထသွားခဲ့တယ် "ဒီနေ့ထိဖြစ်ခဲ့သမျှက မင်းရဲ့ရွေးချယ်မှုမဟုတ်ဘူး။ အားလုံးကစစ်တုရင်လိုပဲ နောင်တမရှိဘူး"
ရွှမ်းယင် ထိုနေရာမှာအကြာကြီးရပ်နေပြီးနောက် မျက်ရည်တွေ သုတ်လိုက်ကာ "ကောင်းပြီလေ" ပြောလို့ပြီးတာနဲ့သူမထွက်သွားခဲ့တယ်။ လူတွေကအမြဲအဲ့လိုပဲပင်။သေချာတဲ့ အဖြေတစ်ခုကိုမရမချင်း လက်မလျှော့နိုင်ကြဘူး။သူမကိုထပ်တွေ့ရင် ဝမ်းဟန်ကသူမကိုမုန်းနေလောက်တယ်လို့တွေးခဲ့ဖူးတယ်။အမုန်းတရာရှိနေမှတော့ အချစ်ဆိုတာရှိလာမှာပဲ။သူတို့ကြားကအခြေနေကအဲ့လောက်မဆိုးတာလဲဖြစ်နိုင်တာပဲလို့တွေးခဲ့မိပေမယ့် သူမကိုသူစိမ်းတစ်ယောက်လိုပဲသျဘာထားလိမ့်မယ်လို့တော့တစ်ခါမှ မထင်ထားခဲ့မိဘူး။
နောင်တရမိလား? ဟင့်အင်း သူမနောငိတမရဘူး။ ဘာပဲဖြစ်ဖြစ် သူအသက်ရှင်နေသေးတာပဲ။ တုန်းဖန် သူမကို ပြောခဲ့တာ ဖြစ်နိုင်လောက်တယ်။သူမ သူ့ကိုမမေ့နိုင်တာက သူမမရနိုင်ခဲ့လို့ဆိုတာ.......
ရှီယု တုန်းဖန်ကျန်းကိုကြည််လိုက်ကာ "နင် ရွှမ်းယင်ကိုချစ်ရဲ့သားနဲ့ဘာလို့တစ်ယောက်တည်းအပိုင်မလိုချင်ပဲ တခြားသူတွေနဲ့ဝေမျှနိုင်ရတာလဲ?"
"ငါ တဖြည်းဖြည်းအသက်ကြီးလာလို့ဖြစ်မှာပေါ့" တုန်းဖန်ကျန်း အကူညီမဲ့နေဟန်ပေါ်သွားကာ "ငါ ငယ်ငယ်တုန်းက အချစ်နဲ့ပတ်သက်ရင်ကမူးရှူးထိုးနိုင်လွန်းတယ်။အသက်ကြီးလာတော့အဲ့လိုမျိုးတွေပျောက်သွားတော့ သူမှသူမဖြစ်တော့တာဖြစ်မှာပေါ့"
"...."ရှီယု တစ်ခါမှမကြုံဖူးတာကြောင့်ထိုခံစားချက်ကိုနားမလည်တာလားတော့မသိပေ။
YOU ARE READING
အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )
Hành độngဝတ္ထုအကျဉ်းချုပ်..... ၂၁ရာစုက စားဖိုမှူးတစ်ယောက် ဖြစ်တဲ့ ရှီယု တစ်နေ့မှာ လမ်းဖြတ်ကူးရင်းနဲ့ ကားတိုက်ခံရပြီးတော့ ထူးဆန်းတဲ့လောကကြီးကို ရောက်သွားကာ သူတောင်းစားတစ်ယောက်ဖြစ်လာခဲ့တယ်။ အံ့ဩစရာကောင်းတာတစ်ခုက ရှီယု အဲ့ဒီလောကကြီးကိုကောင်းကောင်းကြီး သိနေတာပ...