အပိုင်း၄၂၆
ရှီယုတို့တွေ တစ်ရက်တာနားပြီးတာနဲ့ နောက်နေ့မှာပဲ ပေ့ကုန်းရှန်းရှီကိုသွားတွေ့လ်ုက်ပြီး "ရှန်းရှီ ငါ နင်တို့အိမ်တော်ကိုမလိုက်ဖြစ်တော့ဘူး"
ပေ့ကုန်းရှန်းရှီက အကြောင်းရင်းကိုမမေးလိုက်ပေ။တစ်ဆက်တည်းမှာပဲ သူမရှီယုဆက်ပြောတာကိုကြားလိုက်ရတယ် "ချန်းရှောင်ထင်းကိုသိမှာပေါ့"
"ဟမ်? သူ့ကိုသိနေတာလား?"ပေ့ကုန်းဇီ စဥ်စားပြီးနောက်ချန်းရှောင်ထင်းလဲ ၈လောကကိုသွားတယ်လို့သတင်းကြားမိတာကြောင့် ထို၂ယောက်သိနေတာဖြစ်နိုင်တယ်လို့တွေးမိလိုက်တယ်။
"အင်း ဒီပိုမလာခင်တုန်းက ချန်းရှောင်ထင်းက နင့်အတွက်ပေးခိုင်းလိုက်တာရှိတယ်"ရှီယုပြောပြီးနောက် သူမကိုသိုလှောင်အိတ်၁အိတ် ပေးလိုက်တယ်။
"ငါ့ကိုပေးခိုင်းလိုက်တာလား?"သူမနဲ့ ချန်းရှောင်ထင်းက အရမ်းရင်းနှီးတဲ့အဆင့်မဟုတ်ဘဲ မေးထူးခေါ်ပြောအခြေနေလောက်သာဖြစ်တာကြောင့်အံ့ဩသွားတယ်။
ရှီယုခေါင်းငြိမ့်ကာ "အင်း အခုပေးပြီးပြီဆိုတော့ကျမအရင်သွားနှင့်တော့မယ်"
ရှီယုသူမနဲ့မလိုက်ခဲ့ချင်တာက အိမ်တော်ကအရှုပ်ထွေးတွေကြောင့်မှန်းရိပ်မိနေတာကြောင့် ပေ့ကုန်ရှန်းရှီလဲ သက်ပြင်းချလိုက်မိကာ "ကောင်းပြီလေ။နောက်မှထပိဆုံကြတာပေါ့"
ရှီယု ထွက်သွားပြီးနောက် ပေ့ကုန်းရှန်းရှီသိုလှောင်အိတ်ကိုဖွငိ့ကြည့်လိုက်တော့တွေ့လိုက်ရတာတွေကြောင့်အံ့ဩသွားျယ် "အနက်ရောင်နတ်ဆိုးကြာပန်းနဲ့ ထာဝရကျောက်စိမ်းပဒုမ္မာကြာ..."
ထိုအချိန်မှာပဲ သူမနဲ့မရင်းနှီးတဲ့ချန်းရှောင်ထင်းက ဘာလို့ဒါတွေပေးလိုက်ရလဲဆိုတဲ့အကြောင်းရင်းကိုနားလာ်သွားတယ်။ဒါတွေက ချန်းရှောင်ထင်းဆီကမှမဟုတ်တာပဲ။
(ရှီယု...ဒီလက်ဆောငိတွေကတကယ်ပဲတန်ဖိုးကြီးလွန်းတယ်...)
.....နောက်ရက်အနည်းငယ်အကြာမှာတော့ ရှီယု ကောင်းကင်လောကကိုသွားနိုင်တဲ့အစီရင်ရှိတဲ့ သားရဲတွေရဲ့ပိုင်နကိထဲကိုရောက်လာခဲ့တယ်။ ထိုနေရာကိုရောက်သွားတော့ သူမ ရင်းနှီးနေတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရတယ် "လင်းယွမ်?"
YOU ARE READING
အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )
Acciónဝတ္ထုအကျဉ်းချုပ်..... ၂၁ရာစုက စားဖိုမှူးတစ်ယောက် ဖြစ်တဲ့ ရှီယု တစ်နေ့မှာ လမ်းဖြတ်ကူးရင်းနဲ့ ကားတိုက်ခံရပြီးတော့ ထူးဆန်းတဲ့လောကကြီးကို ရောက်သွားကာ သူတောင်းစားတစ်ယောက်ဖြစ်လာခဲ့တယ်။ အံ့ဩစရာကောင်းတာတစ်ခုက ရှီယု အဲ့ဒီလောကကြီးကိုကောင်းကောင်းကြီး သိနေတာပ...