အပိုင်း-၄၁ (မှိုအသားလိပ်)
ဖုန်းမြို့တော်၌......
ဖုန်းလျို ဒီမြို့ကို ပြန်ရောက်ဖို့ ၅ရက်လောက် ခရီးဆက်ခဲ့ရတယ်။ သူ အိမ်တော်ထဲ ဝင်ဝင်ချင်းဘဲ ကြာပန်းကို သူ့အဘိုးဆီ အမြန် ယူသွားလိုက်တယ်။
"အဘိုး, ဘယ်လိုထင်လဲ?''
အဘိုးအိုက ကျောက်စိမ်းသေတ္တာ ထဲက ကြာပန်းကို မြင်လိုက်တော့ မျက်လုံးတွေ တောက်ပလာတယ်။ အဲ့နောက် ကြာပန်ကို ထုတ်ယူ
လိုက်ကာ အနံ့ခံကြည့်လိုက်တော့ မွှေးပျံ့တဲ့ ရနံ့လေးက သူ့ရဲ့စိတ်ဝိညာဉ် အထိတောင် ထိုးဖောက်လာတာကို ခံစား
လိုက်ရတယ်။ ပွင့်ချပ်တစ်ခုကို လျှာနဲ့ရက်ကြည့်လိုက်ပြီးမှ ထာဝရကျောက်စိမ်းပဒုမ္မာကြာ အစစ်ဆိုတာကို အတည်ပြုလိုက် တယ်။"မင်း ဒါကို ဘယ်ကနေ ရလာ တာလဲ? ပြီးတော့ ဘာနဲ့ အလဲအလှယ်လုပ်ခဲ့တာလဲ?''
"သူငယ်ချင်းတစ်ယောက်ဆီကပါ။ သူမက နန်းမြို့တော်ကို ပြန်ရောက်တော့မှဘဲ အလဲ
အလှယ်လုပ်မယ့် ပစ္စည်းကို ပေး ဖို့ပြောတယ်။" ဖြေပြီးတာနဲ့ ဒီလို သူငယ်ချင်းကောင်းမျိုးရှိလို့ တော်တော်လေးထိရှသွားကာ ရှီယုကို ကျေးဇူးတင်မိသွားတယ်။ သူဆိုရင်တောင်မှ ဒီလို တန်ဖိုးကြီးရတနာမျိုးကို ဘယ်လို အာမခံချက်မျိုးမှမရှိပဲနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းဆီ ပေးဖို့ကို လက်တွန့်နေမိမှာ။ သူစိမ်း တစ်ယောက်သာဆိုရင် ပြောမနေ
တော့ဘူး။တကယ်လို့ ရှီယုက ဒီကြာပန်းရဲ့ တန်ဖိုးကို ကောင်းကောင်းမသိလို့
ပေးလိုက်မှန်းသာ ဖုန်းလျိုသိသွား ရင်တော့ ဒီလောက်ကြီး ထိရှသွား မှာ မဟုတ်လောက်ဘူး။အကြီးအကဲဖုန်းက ခေါင်းငြိမ့်
လိုက်ကာ "ဒီကြာပန်းက ငါတို့ ဖုန်းမိသားစုအတွက် အရမ်း
အရေးကြီးတယ်။ ရတနာတိုက်ထဲ က ပစ္စည်းတွေရဲ့စားရင်းကို ပြပြီး သူ ဘာလိုချင်လဲဆိုတာ မေးလိုက်""ဟုတ်ကဲ့''
ရှီယု ဖုန်းအိမ်တော်ကနေ ပြန် ထွက်လာတော့ သူမလက်ထဲက ငွေတုံးအရေအတွက်ကို ကြည့်ပြီး သီးသန့်လေဟာနယ်ထဲက မဟော်ဂနီသစ်သီးတွေကို ခူးရောင်းဖို့ ဆုံးဖြတ်လိုက်တယ်။
YOU ARE READING
အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )
Aksiyonဝတ္ထုအကျဉ်းချုပ်..... ၂၁ရာစုက စားဖိုမှူးတစ်ယောက် ဖြစ်တဲ့ ရှီယု တစ်နေ့မှာ လမ်းဖြတ်ကူးရင်းနဲ့ ကားတိုက်ခံရပြီးတော့ ထူးဆန်းတဲ့လောကကြီးကို ရောက်သွားကာ သူတောင်းစားတစ်ယောက်ဖြစ်လာခဲ့တယ်။ အံ့ဩစရာကောင်းတာတစ်ခုက ရှီယု အဲ့ဒီလောကကြီးကိုကောင်းကောင်းကြီး သိနေတာပ...