151 - 155

1K 108 0
                                    

အပိုင်း-၁၅၁ (ဇီးပန်းသီးဝိုင်)

ရှီယု 'တိမ်နောက်ကိုလိုက်ခြင်း' သိုင်းကွက်ကို သုံးကာ ဝူရှန်မြို့ကနေ အမြန်ထွက်ပြေးလာခဲ့တယ်။ သူမရဲ့ လက်ရှိအမြန်နှုန်းနဲ့သာဆို ထိုလူတွေ မလိုက်နိုင်လောက်သေးပေမယ့်လဲ  သူမက အခုမှ ဗဟိုချက်ဖြစ်တည်မှုအဆင့်မှာပဲ ရှိနေသေးတာကြောင့် သူမရဲ့ ပြေးနိုင်စွမ်းကလဲ အကန့်အသတ်ရှိနေတယ်။ ဒါကြောင့် ရှီယု ဆက်မပြေးတော့လဲ တိမ်သားရဲကို ဆင့်ခေါ်လိုက်ကာ မြင့်နိုင်သမျှ မြင့်မြင့်ကနေ ပျံသန်းခိုင်းလိုက်တယ်။ တိမ်သားရဲရဲ့ စွမ်းအားတွေ ကုန်ခမ်းသွားတာနဲ့ ရှီယုက သိုင်းကွက်သုံးကာ ပြန်ပြေးလိုက်တယ်။ အဲ့လိုနဲ့ တစ်ယောက်တစ်လှည့်စီ လူလဲကာ ပြေးရင်း အားပြန်ဖြည့်လိုက်ကြတယ်။

ရှီယု အိတ်ကပ်ထဲမှာရှိနေတဲ့ စန်းပန်တစ်ယောက် အိတ်ကပ်ထဲကနေ ခေါင်းထုတ်လိုက်ကာ "ဘာတွေဖြသ်နေတာလဲဟ?"

"မြန်မြန် ပြန်ပုန်းနေ, တကယ်လို့ ငါတို့ကို တစ်ယောက်ယောက် အမီလိုက်လာတာမြင်တာနဲ့ ပုန်းစရာနေရာရှာပြီး ခုန်ဆင်းနေခဲ့လိုက်" ရှီယုက ပြောလိုက်တယ်။ အခုလောလောဆယ် သူမရဲ့ လုံခြုံမှုကိုတောင် အာမ,မခံနိုင်တာကြောင့် စန်းပန်ကို ထွက်ပြေးဖို့ ပြောလိုက်တယ်။

ရှီယု ပြောတာကြားတော့ စန်းပန်က လှမ်းအော်လိုက်တယ်  "ငါက နင့်ကို ဘယ်လိုလုပ် စွန့်ပစ်ရက်မှာလဲဟ! ငါက မုန်လာဥမျိုးလားဟ! လူတွေ အမီလိုက်လာတဲ့အထိ စောင့်မနေတော့ဘူး, ငါ အခုချက်ချင်းပဲ ခုန်ချလိုက်တော့မယ်"

ရှီယု-"...."
ရှီယုလဲ အောက်မှာ တောင်တစ်တောင်ကိုမြင်လိုက်တော့ စန်းပန်ကို ချက်ချင်း ပစ်ချလိုက်တယ်။

ထိုအချိန်ရောက်မှပဲ စန်းပန်ရဲ့ အသံကြီးက လေထဲကနေ ထွက်ပေါ်လာတယ် "အာား...အား... ငါက... နောက်နေတာဟ...အာား"

ရှီယု-"...."
ရှီယုမှာ စန်းပန်ရဲ့ အော်သံကြီးကို ကြားပြီး ချွေးပြန်သွားတယ်။
(ထားလိုက်ပါတော့, အခုချိန်မှာ တစ်ယောက်ကို ကယ်ပြီးပြီလို့ပဲ သဘောထားလိုက်တော့မယ်။ စန်းပန်ရဲ့ မုန်လာဥအဆီအနှစ်က တန်ဖိုးကြီးတယ်ဆိုတော့ မိတာနဲ့ ဆေးဖော်ပစ်ကြမှာပဲ..)

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now