အပိုင်း၄၅၁
ဂဏန်းသားနဲ့ကြက်ဥပေါင်းကျတ်သွားတာနဲ့ ဟွမ်ရုန်တစ်လုတ်စားကြည့်ပြီးနောက် အရသာရှိလွန်းတာကြောင့် အံ့ဩသွားတယ်။ ထို့ပြင်မွှေးပျံ့ပြီး ချိုမြိန်တဲ့အရသာကိုရနေသေးတယ်။
ရှီယုပြုံးလိုက်ကာ "ချိုနေတာက အဲ့ထဲမှာသစ်သီးဝိုင်ထည့်ထားလို့လေ"
"အဲ့လိုလား" ဟွမ်ရုန် ရယ်လိုက်ကာ "ဒီလိုအရသာရှိတဲ့အစားသောက်မျိုးကိုချက်နိုင်တာအံ့ဩစရာပဲ။ဒီအစားသောကိအတွက်ကျေးဇူးတင်တဲ့အနေနဲ့ ခင်ဗျားကိုတစ်ခုပြောပြမယ်။ဒီဂိုဏ်းထဲကတပည့်တွေက ဆရာရဲ့သင်ကြားပေးမှုကြောင့် ပုံရိပ်ယောင်ဖန်ဆင်ခြင်းမှာကျွမ်းကျငိကြတယ်။ တစ်ဆင့်ချင်းစီ ပုံရိပ်ယောင်ကိုဖြေရှင်းသွားရင်းဒီပညာရပ်ကိုလေ့လာနိုင်တယ်။ ဘယ်လောက်နားလည်ကြလဲဆိုတာတော့ တစ်ယောက်နဲ့တစ်ယောက်မတူကြဘူးပေါ့"
ဟွမ်ရုန်စားပြီးတာနဲ့ ထွက်သွားခဲ့တယ်။ရှီယု သူပြောတာကိုနားမလည်ဘဲနေပါ့မလား? ဟွမ်ရုန်ပြောချင်တာက သူမသာပုံရိပ်ယောင်ဖန်တီးခြင်း ပညာရပ်ကိုလေ့လာချင်ရင် ဒီကပုံရိပ်ယောင်ကိုချိုးဖျက်နိုင်တာကလဲ နည်းလမ်းတစ်ခုလိုပင်။
ဟွမ်ရုန် သူမကို ဒီအကြောင်းပြောပြတာက ကြက်ဥပေါင်းလေးအတွက်ကြောင့်မဟုတ်တာတော့သေချာပေါက်ပဲ။သူမကို အပြင်လူလိုဆက်ဆံနေပြီးမှ ခုလိုပုံရိပ်ယောင်ဖန်တီးခြင်းကိုလေ့လာဖို့နည်းပေးနေတာက တကယ်ပဟေဠိဖြစ်စရာပဲ....
ရှီယု စိတ်အေးအေးထားပြီနောက် မျက်လုံးမှိတ်ကာ တောအုပ်ထဲကမှော်စွမ်အင်စီးကြောင်းကိုလိုက်ရှာကြည့်လိုကိတော့ ပုံရိပ်ယောင်တွေကို ခွဲခြားနိုင်သွားပြီး လေဟာပြင်ထဲမှာရှိတဲ့အစီရင်တွေကိုတွေ့သွားတယ်။
ဒီလိုအစီရင်မျိုးကသိပ်မရှုပ်ထွေးတာကြောင့် သူမဖျက်စီးနိုင်ပေမယ့် အဲ့လိုသာဆိုအစီရင်ကိုတည်ဆောက်ထားတဲ့သူတွေအတွက်အချဥ်းနှီးအားစိုက်ခဲ့တာဖြစ်သွားမှာ။
ရှီယု အစီရင်ကိုစေချာလေ့လာပြီးနောက် ချရေးလိုက်တယ်။ အစီရင်မှာ ဝိညာဥ်ကအရေပြားနဲ့အရိုးပင်။ အစီရင်ရပ်တန့်သွားတာနဲ့ ဇီးပန်းပွင့်အပင်အိုကြီးတစ်ပင်ပဲကျန်နေခဲ့တယ်။ရှီယု သူမမှတ်ထားခဲ့တဲ့အတိုင်းအစီရင်ကိုပြန်တည်ဆောက်လိုက်တော့ စောစောကဇီးပန်းပွင့်ပင်တွေပြန်ပေါ်လာခဲ့တယ်။ သူမ ဇီးပန်းတောထဲကနေပြန်ထွက်လာတော့ တောငိတန်းတစ်ခုရှိရာဆီဖောက်ထားတဲ့လမ်းလေးကိုတွေ့လိုက်ရတယ်။ခဏခဏပုံရိပ်ယောင်တွေထဲရောက်နေတဲ့အတွက် ဒီတစ်ခါတော့ သတိကြီးကြီးထားနေမိတယ်။
YOU ARE READING
အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )
Acciónဝတ္ထုအကျဉ်းချုပ်..... ၂၁ရာစုက စားဖိုမှူးတစ်ယောက် ဖြစ်တဲ့ ရှီယု တစ်နေ့မှာ လမ်းဖြတ်ကူးရင်းနဲ့ ကားတိုက်ခံရပြီးတော့ ထူးဆန်းတဲ့လောကကြီးကို ရောက်သွားကာ သူတောင်းစားတစ်ယောက်ဖြစ်လာခဲ့တယ်။ အံ့ဩစရာကောင်းတာတစ်ခုက ရှီယု အဲ့ဒီလောကကြီးကိုကောင်းကောင်းကြီး သိနေတာပ...