အပိုင်း၂၃၆
"ဒါဘယ်လိုဖြစ်ရတာလဲ?" အဆင့်တစ်ဆင့်ကွာနေတာတောင်မှချောချောမွတ်မွတ်အနိူင်ယူသွားနိုင်တဲ့ချင်းချန်ကိုကြည့်ရင်း တစ်စုံတစ်ယောက်က လှမ်းမေးလိုက်တယ်။
"ဘယ်လိုတောင်ကောင်းလိုက်တဲ့ပြကွက်လဲ?!" သူ့ဘေးကလူက ချီးကျူးလိုက်တယ် "အဲ့ကျောင်းသားက အစပိုင်းမှာ ပုံရိပ်ယောင်နဲ့လှည့်စားပြီးမှ သူ့ရန်သူနောက်ကိုရှောင်ထွက်သွားတော့မှ တကယ်စ,တိုက်တာ။အဲ့ဖက်တီးသာ ဓားချက်မမိလိုက်ရင် အဲ့လိုမျိုးအလွယ်တကူအရှုံးပေးမှာမဟုတ်ဘူး"
အခုဓားချက်က ထိုလူရဲ့ဗိုက်ကိုပဲထိုးမိလို့ပေါ့ နှလုံးကိုသာထိုးမိသွားရင်မတွေးရဲစရာပဲ..
"ခင်ဗျား ဆက်တိုက်ချင်သေးလား?" ချင်းချန် လူဝကြီးရဲ့လည်ပင်းကိုဓားနဲ့ထောက်ကာ လှမ်းမေးလိုက်တယ်။
လူဝကြီးမှာ ချင်းချန်ရဲ့အေးစက်စက်အကြည့်ကိုမြင်တော့ တုန်ယင်သွားကာ "ငါ အရှုံးပေးတယ် "
ချင်းချန်တစ်ယောက် ဓားကိုပြန်ရုတ်လိုက်ကာ ဒိုင်ကသူအနိုင်ရပြီလို့ကြေငြာလိုက်မှပဲ စင်ပေါ်ကနေဆင်းသွားတော့တယ်။
"တကယ်ကြည့်ကောင်းတဲ့ပွဲဦးထွက်ပဲ!" အစကနေအဆုံးအထိ သူကပဲတစ်ဖက်ရန်သူကို ဖိနှိပ်သွားခဲ့တာ..
လင်းဖန်တစ်ယောက်သူ့ရဲ့တုန်ယင်နေတဲ့လက်ကိုကြည့်ကာ သူ့ရဲ့ ပြိုင်ဘက်ကမလွယ်ဘူးလို့သိလိုက်တယ်။
"နင် အေးဆေးသာအနားယူလိုက်တော့ ကျန်တာငါတို့ကိုသာအပ်လိုက်" ရှီယု ဆေးဖက်ဝင်လက်ဖက်ရည်ကို ချင်းချန်ဆီ ကမ်းပေးလိုက်တယ်။
"ကျေးဇူးပဲ"ချင်းချန် လက်ဖက်ရည်သောက်ပြီးနောက် မျက်စိမှိတ်ကာ စ,ပြီစွမ်းအင်ကျင့်ကြံလိုက်တယ်။
သူ့ရဲ့အခုလိုပုံစံကိုမြင်လိုက်ရတဲ့ချီချူးယွင်တစ်ယောက် သူမလက်ထဲက လေးကိုခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်မိတယ်။သူမ သူ့ကိုတစ်ခါမှအထင်မသေးဖူးပေမယ့်လဲ ဒီလူကသူမထက်အများကြီးသန်မာနေတယ်ဆိုတာကိုသိနေတယ်။
"ချူးယွင် ဘာတွေတွေးနေတာလဲ?နင့်အလှည့်ရောက်ပြီလေ"ရှီယုကလှမ်းပြီးသတိပေးလိုက်တယ်။
YOU ARE READING
အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )
Acciónဝတ္ထုအကျဉ်းချုပ်..... ၂၁ရာစုက စားဖိုမှူးတစ်ယောက် ဖြစ်တဲ့ ရှီယု တစ်နေ့မှာ လမ်းဖြတ်ကူးရင်းနဲ့ ကားတိုက်ခံရပြီးတော့ ထူးဆန်းတဲ့လောကကြီးကို ရောက်သွားကာ သူတောင်းစားတစ်ယောက်ဖြစ်လာခဲ့တယ်။ အံ့ဩစရာကောင်းတာတစ်ခုက ရှီယု အဲ့ဒီလောကကြီးကိုကောင်းကောင်းကြီး သိနေတာပ...