အပိုင်း-၁၇၁ (ယုန်သားအစပ်ကြော်)
ကြောင်ဝတုတ်က အကြောဆန့်လိုက်ကာ ဝိညာဥ်ခေါ်စာအုပ်ကို တစ်ချက်ကြည့်လိုက်တယ် "မပြောတတ်ဘူးလေ, ဘယ် ကံဆိုးရှာတဲ့ မိသားစုဆီကနေ မင်းရဲ့ဆရာ ဓားပြတိုက်လာခဲ့လဲမှ မသိတာ။ အသက်စမ်းရေအပြင် နောက်ထပ် ပစ္စည်းကောင်းတွေလဲ ဒီထဲမှာရှိသေးတယ်။ ကံဆိုးချင်တော့ မင်းက အဲ့ပစ္စည်းတွေကို လက်ခံနိုင်ဖို့အတွက် အားနည်းနေသေးတယ်"
"!!!" တခြားပစ္စည်းကောင်းတွေရှိသေးတယ်ဆိုလဲ ကြားရော ရှီယုရဲ့ မျက်လုံးတွေတောက်ပ,သွားပေမယ့်လဲ အခုချိန်မှာ သုံးလို့မရသေးဘူးဆိုတာသိတော့ အဲ့ကိစ္စကို ခဏမေးထားဖို့ ဆုံးဖြတ်လိုက်တယ် "အခု ဒါကို သုံးပြီး စိတ်စွမ်းအင်တွေ ပြန်စက်သာလာအောင် စ,ကုလို့ရပြီလား?''
"အင်း, စ,လိုက်တော့" အသက်စမ်းရေက ဝိညာဥ်ကို ကာကွယ်ပေးထားတော့ ဝိညာဥ်ကျောက်စိမ်းရဲ့ အဆီအနှစ် နည်းနည်းပါးပါး ယူသုံးတာက ဘာမှမဖြစ်ပါဘူး။
"ကောင်းတာပေါ့!" ရှီယု ဝိညာဥ်ကျောက်စိမ်းအဆီအနှစ်ကို ကိုင်ပြီး မြေကြီးပေါ်မှာ ထိုင်ချလိုက်တယ်။ ဝိညာဥ်ကျောက်စိမ်းအဆီအနှစ်ရဲ့ အနားတစ်ဝိုက်မှာရှိနေတဲ့ အနက်ရောင်မြူခိုးတွေ ပျောက်သွားပြီဖြစ်တာကြောင့် ရှီယုရဲ့ ဉာဏပင််လယ်ထဲမှာ နွေးထွေးပြီး သက်တောင့်သက်သာရှိတဲ့ ခံစားချက်မျိုး ပျံ့နှံ့သွားကာ သူမရဲ့ စိတ်စွမ်းအင်လဲ တဖြည်းဖြည်း ပြန်သက်သာလာတယ်။ အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးသွားတာ အာရုဏ်တက်ချိန်ရောက်မှပဲ ရှီယုလဲ အခန်းထဲက ပြန်ထွက်လာခဲ့တယ်။
တစ်ညလုံး ကုသပြီးနောက် ဖန်လုံးအရွယ်အစားကလဲ တော်တော် သေးသွားကာ နောက်ထပ် ထပ်သုံးလို့ မရနိုင်တော့ဘူး။ ရှီယု အိမ်အပြင်ကို ထွက်လာတော့ သူမကို ရန်သူတစ်ယောက်လိုမျိုး ကြည့်နေကြတဲ့ အစေခံတွေရဲ့ အကြည့်တွေနဲ့ မနက်စာစားချိန်ရောက်နေတာတောင် အရင်လို မနက်စာ လာမပို့သေးတာတွေကြောင့် ထူးဆန်းတယ်လို့ ခံစားနေရတုန်းမှာပဲ အပြင်ဘက်က အသံတွေကို ကြားလိုက်ရတယ်။
"အဲ့တစ်ယောက်ကြောင့် ငါတို့ရဲ့ သခင်မလေးခမျာ အိမ်ကနေ အနှင်ထုတ်ခံလိုက်ရရှာတယ်, ငါတော့ အဲ့လိုလူမျိုးကို မခ,စားနိုင်ပါဘူး"
YOU ARE READING
အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )
Acciónဝတ္ထုအကျဉ်းချုပ်..... ၂၁ရာစုက စားဖိုမှူးတစ်ယောက် ဖြစ်တဲ့ ရှီယု တစ်နေ့မှာ လမ်းဖြတ်ကူးရင်းနဲ့ ကားတိုက်ခံရပြီးတော့ ထူးဆန်းတဲ့လောကကြီးကို ရောက်သွားကာ သူတောင်းစားတစ်ယောက်ဖြစ်လာခဲ့တယ်။ အံ့ဩစရာကောင်းတာတစ်ခုက ရှီယု အဲ့ဒီလောကကြီးကိုကောင်းကောင်းကြီး သိနေတာပ...