266 - 270

960 82 0
                                    

အပိုင်း ၂၆၆

ရှီယုနဲ့ အကြီးအကဲလျူ နောက်ဆုံးတော့ ခြံတစ်ခြံကိုရောက်လာကြတယ်။
ခြံနားရောက်တာနဲ့ ရှီယု မီးပြင်းပြင်းရဲ့အငွေ့အသက်ကို ရလိုက်တယ်။

အကြီးအကဲလျူနဲ့ အထဲမှာနေတဲ့အကြီးအကဲက ရင်းနှီးနေကြတာကြောင့် သူတံခါးခေါက်လိုက်တာနဲ့ အထဲကနေ "ကိုယ့်ဘာသာဝင်လာခဲ့လိုက်"ဆိုတဲ့ အသံထွက်ပေါ်လာကာ သူအထဲကိုဝင်လာခဲ့တယ်။

ရှီယု အထဲရောက်တော့ မီးဖိုဘေးမှာမီးခိုတွေပေပြီးအလုပ်များနေတဲ့ လူတစ်ယောက်ကိုတွေ့လိုက်ရတယ်။
ထိုလူက အကြီးအကဲလင်းဖြစ်ကာ အရှေ့အင်ပါယာထဲက ထိပ်တန်းပန်းပဲဆရာ၅ယောက်ထဲမှာ သူလဲအပါအဝင်ဖြစ်တယ်။

ရှီယု မီးဖိုးချောင်သုံးပစ္စည်းတွေ အပ်ချင်လို့ဆိုတာကြားတော့ အကြီးအကဲလင်း နည်းနည်းအံ့ဩသွားပေမယ့် ဘာမှဆက်မမေးတော့ဘဲ ရှီယု သုံးမယ့်သတ္ထုတွေရဲ့တစ်ဝက်ကိုသူ့ကိုပေးရမည်ဖြစ်ကြောင်းပြောလိုက်တယ်။

"အကြီးအကဲလင်း ကျမက သတ္ထုတွေအကြောင်းသိပ်မသိလို့ အရည်အသွေးကောင်းတဲ့သတ္ထုတွေကို စားရင်းလုပ်ပေးလို့ရမလား?ဒါဆို ရှာရပိုလွယ်သွားမှာ" ရှီယုက အလေးအနက်ပြောလိုက်တယ်။

"ကောင်းပြီလေ"

ရှီယု လိုအပ်တဲ့သတ္ထုစာရင်းကိုကြည့်လိုက်တော့ ဒီထဲက သတ္ထုတချို့က သူမအရင်ကဆေးပင်တွေနဲ့လဲပြီး သီးသန့်လေဟာနယ်ထဲမှာသိမ်းထားဖူးပေမဲ့ သူမ မသိတဲ့သတ္ထုတွေကိုတော့ နောက်မှတစ်ယောက်ယောက်ကိုမေးပြီး ရှာကြည့်ဖို့ဆူံးဖြတ်လိုက်တယ်။

သူမရဲ့ လာရင်းကိစ္စပြီးသွားပေမဲ့ အကြီးအကဲလင်းနဲ့အကြီးအကဲလျူတို့ စကားစမြည်ပြောနေကြတာကြောင့် ရှီယု အိမ်ထဲကိုလျှောက်ကြည့်လိုက်တယ်။

သတ္ထုသန့်စင်တဲ့နေရာဖြစ်တာကြောင့် သတ္ထုတွေကိုနေရာအနှံ့ပုံထားကာ သတ္ထုမျိုးစုံနဲ့ သစ်မျိုးစုံက နေရာအနှံ့မှာရှိနေတယ်။

ရှီယု ရိုးရှင်းတဲ့ကြေးနီရောင်မီးဖိုကြီးကိုတွေ့တော့ စိတ်ဝင်စားသွားကာ ထိကြည့်ဖို့လက်လှမ်းလိုက်တယ််။ဒါပေမဲ့ ရုတ်တရက်ကြီး မီးဖိုထဲကနေ မီးတောက်ကြီးတစ်ခုထွက်လာကာ သူမဆီပြေးဝင်လာတယ်။

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now