အပိုင်း၃၂၆
ရှီယုက ပန်ဒါ၃ကောင်ကို အိမ်လိုက်ဖို့ဆက်မခေါ်တော့တာကြောင့် သူတို့တွေပျော်ရွှင်သွားကြတယ်။
ရှီယု-"ဒါပေမဲ့ ငါတို့လူသားမျိုးနွယ်မှာ အိမ်ရှင်က ဧည့်သည်ကိုအစားသောက်နဲ့ဧည့်ခံတဲ့ ဓလေ့ရှိတယ်။နင်တို့တွေ အိမ်မလိုက်ချင်လဲရတယ်။ဒါပေမဲ့ တစ်ခုခုတော့လိုက်စားကြလေ ဒီမှာအရသာရှိတာတွေ အများကြီးပဲနော် အထူးသဖြင့် ဒီကပင်လယ်စာတွေကလတ်ဆက်ပြီး အရသာရှိတယ်။ ဘယ်လိုလဲလိုက်မလား?"
ရှီယုပြောတာကြားတော့ အသားမစားရတာကြာပြီဖြစ်တဲ့ ပန်ဒါ၃ကောင်လဲ ချက်ချင်းသွားရေယိုလာကာ "ကျတော်တို့ အသားမစားရတာကြာပြီဆိုတာသိရဲ့သားနဲ့ ကျတော်တို့ကို အစားသောက်နဲ့လာမြှူဆွယ်နေတယ်"
ရှီယု ပန်ဒါတွေရဲ့ခေါင်းလေးတွေကို ဖွဖွပုတ်ပေးလိုက်ကာ "စားချင်တယ်ဆိုမှတော့ သွားကြတာပေါ့"
ရှီယု ပန်ဒါ၃ကောင်အတွက် အသားကင်တွေဝယ်ကျွေးပြီးနောက် ပိုက်ဆံရှင်းကာ ဆိုင်ထဲကနေ ထွက်လာစဥ်မှာပဲ ဗဟိုရ်လေလံအိမ်ယာက အကြီးကဲနဲ့ ဆုံသွားတာကြောင့်နှုတ်ဆက်လိုက်တယ်။ အကြီးကဲရဲ့ဘေးမှာတော့ ရွှေရောင်ယပ်တောင်ကိုကိုင်ထားတဲ့အေးစက်စက်မျက်နှာထားနဲ့ အမျိုးသားတစ်ယောက် ရှိနေတယ်။
နှစ်ဖက်လုံးမှာဧည့်သည်တွေပါလာတာကြောင့် နှုတ်ဆက်ပြီးတာနဲ့ထွေထွေထူးထူးဘာမှမပြောတော့ဘဲ လမ်းခွဲလိုက်ကြတယ်။
ရှီယုတို့ထွက်သွားတာနဲ့ အကြီးကဲဘေးမှာပါလာတဲ့အမျိုးသားက ပျင်းရိလေးတွဲနေတဲ့လေသံနဲ့"အဲ့တာ ဘယ်သူလဲ?"
အကြီးအကဲရဲ့မျက်နှာအမူရာက ပြောင်းလဲမသွားဘဲ"သခင်လေးကို လျှောက်တင်ပါတယ်။အဲ့မိန်းကလေးနဲ့ ဆုံဖြစ်တာသိပ်မကြာသေးဘူး။သူ့ရဲ့သရုပ်မှန်ကိုတော့မသိပေမယ့် သူ့က သွားမရှုပ်သင့်တဲ့လူစားမျိုးပဲ..."
အဲ့တာကိုကြားတော့ လူငယ်ကမဲ့ပြုံးပြုံးလိုက်ကာ"အဲ့ထဲမှာငါရောပါလား?"
အကြီးကဲက ဘာမှပြန်မဖြေလိုက်ပေ။ အဲ့နောက် သူတို့တွေ ဆိုင်တစ်ဆိုင်ရဲ့သီးသန့်ခန်းထဲကိုဝင်သွားကြကာ အထဲမှာတော့လူငယ်နဲ့အသက်ရွယ်မတိမ်းမယိမ်းရှိတဲ့ လူ၇ယောက်၈ယောက်လောက်ရှိနေကြတယ်။
YOU ARE READING
အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )
Actionဝတ္ထုအကျဉ်းချုပ်..... ၂၁ရာစုက စားဖိုမှူးတစ်ယောက် ဖြစ်တဲ့ ရှီယု တစ်နေ့မှာ လမ်းဖြတ်ကူးရင်းနဲ့ ကားတိုက်ခံရပြီးတော့ ထူးဆန်းတဲ့လောကကြီးကို ရောက်သွားကာ သူတောင်းစားတစ်ယောက်ဖြစ်လာခဲ့တယ်။ အံ့ဩစရာကောင်းတာတစ်ခုက ရှီယု အဲ့ဒီလောကကြီးကိုကောင်းကောင်းကြီး သိနေတာပ...