အပိုင်း၃၁၆
အစက သူ့လက်ဖက်ရည်ဆိုင်ကို ဝါးမျိုချင်လို့လို့ထင်ခဲ့တာ။ (အခု မျက်နှာချင်းဆိုင်က မြေကိုပါဝယ်နေတာဆိုတော့ သူ့ရဲ့ပစ်မှတ်က ငါများလား?)
လော့တုန်းထင် -"တစ်ဖက်ခြံကို သေချာစောင့်ကြည့်ထား ကိစ္စသေးသေး ကြီးကြီး ငါ့ကိုအကုန်ပြန်တင်ပြ..သူတို့နဲ့ ဆက်သွယ်နေတဲ့ အဖွဲ့စည်းတစ်ခုခုရှိရင်လဲ ငါ့ကိုပြန်တင်ပြ"
ဆိုင်မန်နေဂျာကိုပြောစရာရှိတာပြောပြီးတာနဲ့ လော့တုန်းထင် အပေါ်ထပ်ကိုပြန်တက်လာခဲ့တယ်။
....ညနေခင်းရောက်လာချိန်မှာတော့ သစ်ပင်အိမ်လေးက အရင်လိုပဲတံခါးပိတ်လိုက်ကာ စားဖိုမှူး၃ယောက်လဲ အိမ်ပြန်သွားကြတယ်။
ရှီယု-"ဦးလေးကန်ပင်း ဒီရက်ပိုင်းဘာသတင်းထူးလဲ?"
ကန်ပင်းက ခေါင်းခါလိုက်ကာ "ငါ ကြားသမျှက မုဆိုးမတွေအကြောင်းတွေချည်းပဲ လူသေတွေအကြောင်း ဘာသတင်းမှမကြားရသေးဘူး"
ရှီယုက အလျင်မလိူဘဲ "အရမ်းမစိုးရိမ်ပါနဲ့ အချိန်ယူပြီးဖြေးဖြေးချင်းစုံစမ်း ဒါပေမဲ့ အားလုံးကို သူတို့ဘာသာ စကားအရင်စပြောနိုင်မယ့် နည်းလမ်းမျိုးစဥ်းစားကြည့်ရင် ပိုကောင်းမယ်"
ကန်ပင်းက ခေါင်းငြိမ့်လိုက်ကာ "ကောင်းပြီလေ ငါစဥ်းစားကြည့်လိုက်အုံးမယ်"
နောက်တစ်နေ့မှာပဲ လက်ဖက်ရည်ဆိုင်က စားပွဲထိုးလေးက သစ်ပင်အိမ်ရှေ့မှာ စားပွဲချကာ စုတ်တံတွေစာရွက်တွေကိုင်ပြီး ထိုင်နေတဲ့ သတ်လတ်ပိုင်းအရွယ်အမျိုးသားကြီးတစ်ယောက်ကို တွေ့လိုက်ရတယ်။
သူ စားပွဲရှင်းနေရင်းနဲ့ ထိုလူရဲ့အော်ပြောသံကိုကြားလိုက်ရတယ်..
"...ငါ ဝတ္ထုတစ်အုပ်ရေးဖို့ပြင်နေတာ... နယ်စပ်မှာရုတ်တရက်လူသေတဲ့အမှုတွေကို စိတ်ဝင်စားတယ်..အဲ့လိုအကြောင်းတွေကြားဖူးရင် လာပြောလို့ရတယ်နော်..လာပြောတဲ့သူတွေကို လက်ဖက်ရည် ဝယ်တိုက်မယ်... "
ကံမကောင်းစွာနဲ့ ဒီနေ့ကျမှ သစ်ပင်အိမ်လေးကိုလာလည်ကြတဲ့သူတွေက လျှော့နည်းသွားတယ်။ အဲ့တာကိုမြင်တော့ စားပွဲထိုးလေးက သစ်ပင်အိမ်ဘက်ကိုစိတ်မကောင်းစွာနဲ့ ကြည့်လိုက်မိတယ်။
(ဒီနေ့ အဲ့မိန်းကလေးတော့ စိတ်အခြေနေမကောင်းလောက်ဘူး...)
YOU ARE READING
အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )
Açãoဝတ္ထုအကျဉ်းချုပ်..... ၂၁ရာစုက စားဖိုမှူးတစ်ယောက် ဖြစ်တဲ့ ရှီယု တစ်နေ့မှာ လမ်းဖြတ်ကူးရင်းနဲ့ ကားတိုက်ခံရပြီးတော့ ထူးဆန်းတဲ့လောကကြီးကို ရောက်သွားကာ သူတောင်းစားတစ်ယောက်ဖြစ်လာခဲ့တယ်။ အံ့ဩစရာကောင်းတာတစ်ခုက ရှီယု အဲ့ဒီလောကကြီးကိုကောင်းကောင်းကြီး သိနေတာပ...