Part 1 Zawgyicode

1.1K 6 2
                                    

"နှိုင်းမာန်အုပ်စိုးနဲ့ ဒီတစ်လအတွင်း လက်ထပ်ရမယ် မဒီလင်းသွင်"

"ဟင်!!"

သွင် ဆိုဖာမှာ ထိုင်နေရာမှ အေးစက်စွာပြောလာတဲ့ မာမီကို အံ့သြတကြီး မော့ကြည့်လိုက်မိသည်။လက်ထပ်ရမယ် ဘာအတွက် သွင်က လက်ထပ်ရမှာလဲ။ ပြီးတော့ သွင်လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့သူက တစ်ခြားတစ်ယောက်

"သွင်လက်မခံဘူး မာမီ သွင်က ဘာလို့လက်ထပ်ရမှာလဲ ၊လူမပြောနဲ့ နာမည်တောင်အခုမှကြားဖူးတဲ့သူနဲ့လေ"

"ဖြန်း!!"

"လင်း!!!"

အားပါပါ ရိုက်ချလိုက်မှုကြောင့် မျက်နှာ တစ်ဖက်လှည့်သွားရကာ စက်ဖျင်းဖျင်းဖြစ်သွားသည့် ပါးပြင်ကို တုန်ရီနေသော လက်ဖဝါးဖြင့် ကိုင်လိုက်မိသည်။ထို့နောက် မျက်ရည်များ တပေါက်ပေါက် ကျဆင်းလာကာ မာမီကို ပြန်ကြည့်လိုက်မိ၏။မာမီက သွင့်ကိုရိုက်တယ်

"နင်ကဘာမှန်နေလို့လဲ နင်ဘာလုပ်ထားလဲ နင်ကိုယ်တိုင်မသိဘူးလား ဘာလဲ မှတ်မိအောင် အဲဒီအကြောင်းကို နင့်ကို ပြန်ပြောပြရဦးမှာလား မဒီလင်းသွင်"

ဟုတ်တယ် အဲဒါကြောင့် အဲဒါကြောင့် သွင် အရှက်ကွဲရတာ။ ဒါပေမယ့် သွင်ဖြူစင်တယ်လေ သွင်တို့ဘာမှမဖြစ်ခဲ့ကြတာ ။ ဘာလို မာမီနဲ့ဒယ်ဒီက သွင်ကိုမမေးရတာလဲ သွင်ပြောတာကို နားမထောင်ပေးရတာလဲ။ သွင် မာမီ ဘေး‌ရပ်နေတဲ့ ဒယ်ဒီကိုကြည့်တော့ မျက်နှာကညိုးငယ်နေစွာ။ ဒယ်ဒီလဲ မာမီကို လွန်ဆန်နိုင်မည်မဟုတ်။ ဒီလိုမှန်းသိခဲ့ရင် မနေ့က သွင် အပြင်ထွက်ခဲ့မိမှာမဟုတ်ဘူး။

လွန်ခဲ့တဲ့မနေ့က

"ဘုန်းမင်းခန့်!!! နင်ကို့ငါ့ရှေ့ပေါ်မလာနဲ့လို့ပြောထားတယ်မလား ငါ့ရှေ့ကဖယ်ပေး"

သွင့် အရှေ့ကကောင်လေးကိုပြောပြီး နံဘေးမှ သူငယ်ချင်းဖြစ်သူ ခြယ်ရဲ့လက်ကိုကိုင်ပြီး သွားဖို့ပြင်သည်။ သို့သော် သူ့အရှေ့မရောက်ခင်မှာပဲ သွင့်လက်တစ်ဖက် လှမ်းဆွဲခံရမှုကြောင့် သွင်ချက်ချင်း အားနဲ့ ဆောင့်ရုန်းလိုက်၏။

"နင် ဘာလုပ်တာလဲ"

"မသွားစေချင်လို့ဆွဲလိုက်တာလေ၊ဘာလို့ ကျုပ် မဒီရှေ့ ပေါ်လာတယ်ထင်လို့လဲ"

စည်းချက်မညီတဲ့ ရင်ခုန်သံ (Completed)Where stories live. Discover now