Part 5 Unicode

2.2K 56 0
                                    

သွင် သူမိတ်ဆက်ပေးခဲ့တဲ့ အကျိုးကျေးဇူးကြောင့်နဲ့ အားလုံးရဲ့အရိပ်တကြည့်ကြည့် အကြည့်ခံနေရ‌ေတာ့၏။နှိုင်းမာန်အုပ်စိုးသွားတာနဲ့ သွင်ဝင်ရမည့် Teamက အဖွဲ့ခေါင်းဆောင်ဆိုတဲ့သူက သွင်အလုပ်လုပ်ရမည့်Teamထဲကိုခေါ်လာ၏။ ထိုင်ရမည့်နေရာကိုပြပြီး အားလုံးနဲ့မိတ်ဆက်ပေးသည်။အားလုံးကလဲ သွင့်ကို ဖော်ဖော်ရွေရွေနဲ့ပဲ နှုတ်ဆက်ကြသည်။  သွင်အပေါ်အခုလိုမျိုး အားလုံးကဖော်ဖော်ရွေရွေ ရှိတာကို သဘောကျပေမယ့်၊အခုချိန်မှာ ဒါက အစစ်အမှန်လား ဒါမှမဟုတ် CEOရဲ့ မိန်းမရာထူးကြောင့်လားဆိုတာ မသိနိုင်ပေ။

"CEO ကတော်...."

"ဟို တဆိတ်လောက် သွင့်ကို ဒီလိုမခေါ်ပါနဲ့ ဒီတိုင်း နာမည်ခေါ်လို့ရပါတယ်၊ဒါမှမဟုတ် လင်းသွင်လို့လဲ ခေါ်လို့ရပါတယ်၊အားလုံးလဲ အဲလိုပဲ ခေါ်ကြနော်၊ပြီးတော့ ပြောစရာရှိတာပြော၊သင်စရာရှိတာသင်ပြီး၊ကူခိုင်းစရာရှိရင်လဲ ကူခိုင်းလို့ရပါတယ်၊နှိုင်းမာန်အုပ်စိုးကြောင့်နဲ့ သွင့်အပေါ် အထူးတလည်ဆက်ဆံစရာမလိုပါဘူးနော်"

သွင် စကားအရှည်ကြီးပြောလိုက်တော့ အဖွဲ့ခေါင်းဆောင်အပြင် ကျန်တဲ့သူတွေပါ ကြောင်တောင်တောင်ဖြစ်ကုန်၏။ သွင် ပြောတဲ့ထဲ အမှားများ ပါလို့လား

"ဟို သွင်ပြောတာ အမှားပါသွားလို့လားဟင်"

"မဟုတ်ပါဘူး၊ဟို မလင်းသွင်က အခုလိုစကားချိုချိုလေးပြောတော့ အံ့သြသွားကြလို့ပါ"

အဖွဲ့ထဲက ခုနကအဖွဲ့ခေါင်းဆောင်မိတ်ဆက်ပေးသွားတဲ့ ထူးပြည့်ခင် ဆိုတဲ့ ‌ကောင်မလေး၏ သွက်သွက်လက်လက် ပြန်ဖြေလာပုံကြောင့် သွင် မျက်လုံးပင်ပြူးသွားရသည်။

"ဟင် ဘာလို့အံ့သြရတာလဲ၊သွင်ချိုချိုသာသာ ပြောလိုက်လို့ အံ့သြသွားတာ‌ဆိုတော့၊သွင့်ပုံစံက ကြမ်းတမ်းတဲ့ ပုံစံပေါက်နေလို့လားဟင်"

"အဲ ! အဲလိုမဟုတ်ပါဘူး၊ထူးတို့မြင်တွေ့နေကြ CEO ကတော်တွေ၊သူဌေးမ‌တွေဆို အားလုံးမဟုတ်ပေမယ့် တော်တော်များများက နည်းနည်းမောက်မာကြတယ်လေ၊မလင်းသွင် ပုံစံကလဲ ထက်ထက်မြက်မြက်ပုံစံလေးဆိုတော့ အားလုံးက အဲလိုထင်နေကြတာရယ် "

စည်းချက်မညီတဲ့ ရင်ခုန်သံ (Completed)Where stories live. Discover now