Part 14 Unicode

1.6K 39 0
                                    

Part 14

"မင်းဘက်က အခြေအနေဘယ်လိုရှိပြီလဲ"

"ဘာကို ဘယ်လိုရှိရမလဲ နှိုင်းမာန်အုပ်စိုးကလေ ကျွန်မဘယ်လိုပဲကြိုးစားကြိုးစား သူ့မျက်လုံးထဲ ကျွန်မကိုက ရှိမနေတာ"

"ဒါဆို မင်းကိုဒီအလုပ်ရပ်ခိုင်းလိုက်တာ ကောင်းမယ်ထင်တယ်နော်"

"ဒီမှာ ရှင်ကျွန်မကို ပေးထားတဲ့ အချိန်ကို သတိရသေးတယ်မလား၊သုံးလနော် သုံးလ ရှင်ကျွန်မကို ပေးထားတဲ့ အချိန်က သုံးလ အခုမှ တစ်လကျော်ပဲရှိသေးတာ ဘာတွေလောနေတာလဲ"

"လောရမယ် ငါချစ်တဲ့ မိန်းကလေးကို မြန်မြန်ပိုင်ဆိုင်ရဖို့အတွက်၊ဒါပေမယ့် မင်းဘက်က ဘာအခြေအနေမှ မထူးလာတာ အချိန်ကုန်တယ်လေ ငါ့ဘာသာလှုပ်ရှားလိုက်တာ ပိုမြန်ဦးမယ်"

"ကျွန်မပေးထားတဲ့ အချိန်ကွက်တိပဲယူမှာပါ၊အဲအချိန်အတွင်း ဘာမှဖြစ်မလာဘူးဆိုရင် ရှင့်အစီအစဉ်အတိုင်းဆက်လုပ်ပေါ့"

"အိုကေလေ ငါ့ဘက်က ပေးထားတဲ့ အချိန်ဖြစ်နေလို့ ငါစောင့်မယ်၊တစ်ခုခု အကြောင်းထူးရင် ငါ့ကိုလှမ်းပြော"

"ဟုတ်ကဲ့"

အင်းကြင်း တစ်ဖက်က ကျသွားတဲ့ဖုန်းcontectကို ကြည့်ပြီး ဒေါသထွက်စွာဖြင့် ဖုန်းကို ကုတင်ပေါ် ကောက်ပေါက်ပြစ်လိုက်၏။

"နှိုင်းမာန်အုပ်စိုး နှိုင်းမာန်အုပ်စိုး ရှင်ဘာလို့ ကျွန်မကို မမြင်နိုင်ရတာလဲ၊ဘယ်အချိန်မှ ကျွန်မကို မြင်လာနိုင်မှာလဲ"

အင်းကြင်း ကုတင်ပေါ်ထိုင်ရင်း ငြီးတွားမိတော့သည်။

"အဟင်း မဟုတ်ဘူး နှိုင်းမာန်အုပ်စိုးက မဒီလင်းသွင်ရှိနေသ၍ ဘယ်တော့မှ ငါ့ကိုမြင်လာမှာမဟုတ်ဘူး၊အင်ကြင်းနင်စဉ်းစားစမ်း ဒီတိုင်းအရှုံးပေးလိုက်တော့မလို့လား"

အင်းကြင်း မျက်လုံးမှိတ်ကာ ဘယ်လိုလုပ်ရင်ကောင်းမလဲ ဆိုတာ အသည်းအသန်စဉ်းစားပြီးနောက် နောက်ဆုံးတော့ ကျေနပ်စွာ ပြုံးလိုက်မိတော့၏။

"အဟင်း ရှင်တို့နှစ်ယောက်ကြားက အချစ်နဲ့ နားလည်မှုကိုလဲ စမ်းသပ်ကြည့်ရတာပေါ့၊ပျော်စရာကောင်းတော့မှာ သေချာတယ်"

စည်းချက်မညီတဲ့ ရင်ခုန်သံ (Completed)Where stories live. Discover now