Part 9 Unicode

2.1K 49 0
                                    

"အခု ခင်ဗျားကို သူများမယားကိုဆွဲဆောင်မှုနဲ့ တရာစွဲလို့ ရတယ်ဆိုတာသိလား"

နှိုင်းမာန်ပြောလိုက်တော့ မဒီလင်းသွင်နဲ့ မျက်နှာချင်းဆိုင်နေရာမှ အသံကြားရာ နှိုင်းမာန်ဘက်လှည့်ကြည့်လာသူကို လည်ပင်မှ အင်္ကျီစကိုဆွဲပြီး ဝေးရာကို တွန်းထုတ်ပစ်လိုက်၏။သူမျက်နှာက နှိုင်းမာန်ကို မြင်တော့ စိတ်ပျက်သွားဟန်။ကျန်တဲ့ ရီဝေနေကြတဲ့ သူတွေကလဲ နှိုင်းမာန်ကို ရုတ်တရက်တွေ့ပြီး ဒေါသထွက်နေတာကို တွေ့တော့ အတော်လေးအံ့ဩနေကြလျက် ထရပ်ကာ ကြောင်ကြည့်နေကြပေသည်။တစ်ယောက်သောသူကတော့ ပြသာနာ ရှာထားပြီး စားပွဲပေါ်မှာ မှောက်နေပြီဖြစ်တာကြောင် ပါးနှစ်ဖက်ကို ခပ်ဖွဖွပုတ်နိုးရသည်။

"ဟေး မဒီလင်းသွင် မဒီလင်းသွင် ကြားလား ထဦး ဒီနေရာမှာအိပ်လို့မရဘူး အိမ်ပြန်ကြရအောင်"

ဘယ်လိုနိုးနိုးမထလာတဲ့ သူကြောင့် ကောက်ပွေ့လိုက်ရတော့သည်။ကြောင်ကြည့်နေတဲ့ သူတွေကိုလဲ လှမ်းငေါက်ရသေးသည်။

"မင်းတို့လဲ ပြန်ကြတော့ ဘယ်အချိန်ရှိနေပြီလဲ မနက်ဖြန် ရုံးအချိန်မှီ မလာကြရင် လစာဖြတ်မယ်"

ပြောလိုက်တော့ ကဗျာကယာနဲ့ အိတ်တွေကောက်လွယ်ပြီး ပြေးသွားကြသည်။အဲဒီနောက် ကျန်သေးတဲ့ တစ်ယောက်ကိုကြည့်ကာ

"နောက်တစ်ခါ ခင်ဗျားကို သွင့်နံဘေးမှာထပ်မမြင်ချင်ဘူး၊ အခုလိုစကားမျိုးထပ်ပြောရင် ကျွန်တော်သည်းခံနေတော့မှာမဟုတ်ဘူး၊ပြီးတော့ ခုနက ခင်ဗျားမေးနေတာကို သွင်အစား ဖြေပေးခဲ့ရမလား ၊သွင်က ဘယ်တော့မှ ခင်ဗျားပြောတဲ့ လုပ်ရပ်မျိုးကို လုပ်မှာမဟုတ်ဘူး ကျုပ်အသက်နဲ့ အာမခံရဲတယ်"

နှိုင်းမာန်ပြောချင်တာပြောပြီးနောက် မေးရိုးတွေတင်းပြီး လက်သီးကိုကျစ်နေအောင်ဆုပ်ထားတဲ့ နိုင်စေမင်းထက်ပုခုံးတစ်ခြမ်းကို တွန်းတိုက်ပြီး ကားရှိရာနေရာကို ထွက်လာခဲ့လိုက်တော့၏။ကားနားရောက်တော့ ကားတံခါးကိုလက်တစ်ဖက်နဲ့ဖွင့်ပြီး နေရာမှာချပေးကာ ခါးပတ်ပတ်ပေးဖို့ကို ပြန်ခွာတော့ အခွာမခံပဲ လည်ပင်းကို ဖက်ထားသေးသူကြောင့် နှိုင်းမာန်လက်နှစ်ဖက်နဲ့ အတင်းဖယ်ချရသည်။

စည်းချက်မညီတဲ့ ရင်ခုန်သံ (Completed)Where stories live. Discover now